ရေယာဉ် ၂ စီးတိုက်မှုကြောင့် ကျပ်သိန်း ၅၀ ဖိုးခန့်ဆုံးရှုံး

ရေယာဉ် ၂ စီးတိုက်မှုကြောင့် ကျပ်သိန်း ၅၀ ဖိုးခန့်ဆုံးရှုံး

ချင်းတွင်းမြစ်အတွင်း ရေယာဉ် ၂ စီးတိုက်မိမှုကြောင့် ကျပ်သိန်း ၅၀ ဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့သည့်ဖြစ်စဉ် ဇူလိုင် ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၉ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာနှင့် မင်းယားကျေးရွာကြား ချင်းတွင်းမြစ်အတွင်း ရေယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သေရောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 
ဖြစ်စဉ်မှာ ဆွတ်နန်းရွာ ကူးတို့ဆိပ်ဘက်မှ သရောင်းကူးတို့ဆိပ်ဘက်သို့ မောင်းနှင်ပြီး ခရီးသည်(၁၂)ဦးတင်ဆောင်လာသော အင်ဂျင်တပ် စက်လှေသည် ခြုံပုတ်အကွယ်မှ ရုတ်တရက်ဖြတ်မောင်းစဉ် ဆယ်ဇင်းကျေးရွာဘက်မှ ဖောင်းပြင်ဘက်သို့ အင်ကြင်း မြိုင် ရပ်ကွက်နေ အောင်ခိုင်(၃၅)နှစ် မောင်းနှင်ပြီး ခရီးသည်(၅)ဦး တင်ဆောင်လာသော "အောင် ဆန်းမင်း" အမည်ပါ သစ်သားခွံ အင်ဂျင်တပ်စက်လှေကို ဝင်ရောက်တိုက်မိခဲ့သည်။ စက်လှေတိုက်မိမှုဖြစ်ပွားစဉ် စက်လှေပေါ်မှ ခရီးသည် ဆွတ်နန်းကျေးရွာနေ မအေးသန်း(၃၅)နှစ်တွင် ဒဏ်ရာများရရှိခဲ့ပြီး ရေယာဉ်မှာ သိန်း(၅၀)ဖိုးခန့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 
ဖောင်းပြင်မြို့မရဲစခန်းက(ပ)၇၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး