စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူကို ဖမ်းမိ

စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူကို ဖမ်းမိ

တောင်ငူမြို့နယ်တွင် စိတ်ကြွဆေးပြားရောင်းချသူကို သက်ဆိုင်ရာက ဇူလိုင် ၁၀ ရက် ကဖမ်းဆီးခဲကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တောင်ငူမြို့၊ ၁၈ ရပ်ကွက်နေ ကျော်မျိုးဆွေ(ခ)ကိုခိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ တောင်ငူခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် တင်ဦး နှင့်အဖွဲ့ကသွားရောက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်ကို ဝင်ရောက်ရှာဖွေရာ အောင်မောင်း(ခ)ဝေယံထွန်းနှင့် ကျော်မျိုးဆွေ တို့ (၂) ဦး ကို တွေ့ရှိရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅ ပြား၊ အစိမ်းရောင် ၁ ပြား၊ စုစုပေါင်း ၁၄၆ ပြား နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းများ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် မူးယစ်ဆေးဝါးရောင်းချရငွေ ၂၅ဝဝဝ တို့ နှင့်အတူ ဖမ်းဆီးရမိသဖြင့် အရေယူပေးရန်တိုင်ကြားခဲ့သည်။ 
တောင်ငူ မြို့မရဲစခန်းက မယ(ပ)၉/၁၈ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။