မိုင်းဖြတ်မြို့နယ်တွင် သားဖြစ်သူ၏ ခြေထောက်ဖြင့် နေအိမ်ပေါ်မှ ကန်ချခံရသူဖခင် ဒဏ်ရာရ သေဆုံးခဲ့မှုကို ဇူလိုင် ၁၀ ရက်က အမှုဖွင့်အရေးယူထားကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။
ဇူလိုင် ၉ ရက် ည ၁၀ နာရီခန့်တွင် တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ နေအိမ်ပေါ်မှပြုတ်ကျသဖြင့် လူတစ်ဦးသေဆုံးသူရောက်ရှိနေကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုစခန်းမှူးရဲအုပ်ကိုကိုအောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ မိုင်းဖြတ်မြို့နယ်စွပ်ပလောင်းကျေးရွာနေ သေဆုံးသူ ဦးဒါဝိဒ်(၇၀)နှစ်သည် ဦးခေါင်းဝဲဖက်ချိုစောင်းတွင် လက်မဝက်ခန့်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နံရိုးအပေါ် ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးဒါဝိဒ် (၇၀)နှစ်မှာ သားဖြစ်သူ ကျလယ် (၃၂)နှစ်နှင့် စကားများစဉ် သားဖြစ်သူ ကျလယ် က ခြေထောက်ဖြင့်ကန်ခဲ့ရာ ဦးဒါဝိဒ်မှာ ၅ ပေခန့် မြင့်သော နေအိမ်ပေါ်မှ အိမ်အောက်သို့ပြုတ်ကျပြီးဒဏ်ရာများရရှိကာ မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့မ ရဲစခန်းက (ပ) ၁၁/၁၈ ၊ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄(က)အရ အမှုဖွင့်အရေးယူထားသည်။

















