ခရီးသည်တင်ယာဉ် ဝေါမြို့နယ်အနီးလမ်းချော်ကာ တူးမြောင်းအတွင်း တိမ်းမှောက်

ခရီးသည်တင်ယာဉ် ဝေါမြို့နယ်အနီးလမ်းချော်ကာ တူးမြောင်းအတွင်း တိမ်းမှောက်

ဝေါမြို့နယ် ကျိုက်လှကျေးရွာအနီး ခရီးသည်တင်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့မှုဖြစ်ပွား ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်ကမြို့နယ်ရဲစခန်းမှ သိရသည်။ 

ဇူလိုင်၁၀ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်ပြီး ခရီးသည် (၂၈) ဦး တင်ဆောင်လာသည့် ပွင့်သစ်စရတနာ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ် မှာ ဝေါမြို့နယ် ပိုင်ကျိူက်လှကျေးရွာ မိုင်တိုင်အမှတ်(၆၇/၃ နှင့် ၆၇/၄)ကြားရှိ ရိုးချောင်းတူးမြောင်းအတွင်းသို အရှိန်လွန် ထိုးကျတိမ်းမှောက်ခဲ့သည်။ 
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လူအသေ အပျောက် မရှိကြောင်းသိရသည်။ ဝေါမြို့မ ရဲစခန်းက (ပ)၂၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ အရ အမှု ဖွင့် အရေးယူထားသည်။