ပတ်ဝန်းကျင်ရေးရာစာနယ်ဇင်းထူးချွန်ဆု နယူးယောက်တိုင်းမ်ဆွတ်ခူး

ပတ်ဝန်းကျင်ရေးရာစာနယ်ဇင်းထူးချွန်ဆု နယူးယောက်တိုင်းမ်ဆွတ်ခူး

ဂုဏ်သတင်းကြီးမားသည့် ဂျွန် ဘီအုတ်က်စ် ပတ်ဝန်းကျင်ရေးရာစာနယ်ဇင်းထူးချွန်ဆုကို ၂၀၁၈ ခုနှစ်အတွက် နယူးယောက်တိုင်းမ်သတင်းစာက ရရှိသွားသည်။

အစိုးရအေဂျင်စီများ၏ ပတ်ဝန်းကျင်ရေးရာ တာဝန်ယူမှု တာဝန်ခံမှုများကို ရေးသားထားသော ထရမ့်စည်းမျဉ်းများဟုအမည်ရသည့် စုံစမ်းစစ်ဆေးရေး အခန်းဆက်သတင်းဆောင်းပါးများအတွက် နယူးယောက်တိုင်းမ်က ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းစုံစမ်းမှုသည် သတင်းစာနှင့် တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလက်စတန်အခြေစိုက် အဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်း၍ အဆိပ်ကြောင့် ပင်လယ်ရေမှော်များ ပျက်စီးရပုံကို အထောက်အထားများနှင့် တင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်း၏ ခေါင်းကြီးအယ်ဒီတာနှင့် ပတ်ဝန်းကျင်ရေးရာ စာနယ်ဇင်းသမားတစ်ဦးဖြစ်သူ ဂျွန် ဘီအုတ်က်စ် အမှတ်တရ ပတ်ဝန်းကျင်ရေးရာစာနယ်ဇင်းထူးချွန်ဆုကို ၄င်း၏မိသားစု၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက်များက ထူထောင်ထားခြင်းဖြစ်သည်။