ကုဇ်ကို (ပီရူး) ” အင်ဒီးစ်တောင်တန်းဒေသရှိ ရှေးဟောင်း ကိုလိုနီခေတ်ပုံစံ နန်းတော်မြင့်ကြီးထဲတွင် ပီရူးနိုင်ငံ ၏ ရွှေရောင်လွှမ်းခဲ့သော အတိတ်ကာလက မြတ်နိုး တန်ဖိုးထားသည့် ပစ္စည်းများနှင့် ပြည့်သိပ်နေကာ ထိုနန်းတော်သည် ပျက်စီးနေသော အနုပညာလက်ရာ များကို ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်ပေးသည့် အလုပ်ရုံတစ်ရုံထက် အရေးပေါ် အခန်းတစ်ခန်းကဲ့သို့ ပုံစံမျိုးဖြစ်နေသည်။
အင်ဒီးစ်တောင်တန်းတစ်ဝန်းရှိ အစွန်အဖျားကျသော ဘုရားကျောင်းများမှ ခေါင်းပြတ်နေသော ရိုမန် ကက်သလစ်ဘုန်းတော်ကြီးများ၏ ရုပ်တုများ၊ ခြေလက်ပြတ်နေသော နတ်သမီးရုပ်တုများနှင့် မည်းတူးနေသောပန်းချီကားများသည် အဆိုပါအလုပ်ရုံနေရာသို့ ရောက်ရှိလာကြသည်။ ကြီးမားလှသော မီးဘေးအန္တရာယ်နှင့် ရာစုနှစ်ပေါင်းများစွာ ပစ်ထားခံရသော အနုပညာလက်ရာများကို ပြန်လည်ထိန်းသိမ်းရန် အထူးကျွမ်းကျင်သောအဖွဲ့တစ်ဖွဲ့က ထိုနေရာတွင် လုပ်ဆောင်မည်ဖြစ်သည်။
"ဒီ အနုပညာလက်ရာတွေက ကင်ဆာရောဂါကျွမ်းနေတဲ့ လူနာတွေလိုပါပဲ။ သူတို့ကို အသက်ပြန်သွင်းပေးရမယ်"ဟု ကုဇ်ကိုရှိ ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာလက်ရာများ ပြန်လည်ထိန်းသိမ်းရေး ဗဟိုဌာနမှပန်းချီကား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်အာဝင်းကက်စ်တီလာက ပြောသည်။
အဆိုပါအလုပ်ရုံကို ၂၀ဝ၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာထိုသို့လုပ်ကိုင်သည့်နေရာ ပီရူးတွင် တစ်ခုတည်းသာရှိပြီးနိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်ကို အဓိကပံ့ပိုးထောက်ပံ့ပေးနေသည်။ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်ကြားတွင်ပန်းချီကားများ၊ ရုပ်တုများနှင့် ြွေကထည်ပစ္စည်းများ ၅၀ဝကျော်ကို ပြန်လည်ထိန်းသိမ်းပြီးဖြစ်သည်။
ရှေးဟောင်းအနုပညာလက်ရာ ထိန်းသိမ်းရေးပညာရှင် ၅၀ ကျော် ပါဝင်သည့် ဗဟိုဌာနအသင်းသည်ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများနှင့် ဓာတ်မှန်ရောင်ခြည်နှင့်ခရမ်းလွန်ရောင်ခြည်စက်များကဲ့သို့ ခေတ်မီနည်းပညာများ အသုံးပြုကာ ပျမ်းမျှသက်တမ်း နှစ် ၃၀ဝ ရှိကာပန်းချီဆွဲသည့်ပတ္တူစပေါ်တွင် အရောင်ပြယ်လွင့်နေသောပုံရိပ်များကို ပြန်လည်ဖော်ထုတ်ရန်ဖြစ်သည်။
ကုဇ်ကိုသည် ရှေးဟောင်း အင်ကာအင်ပိုင်ယာ၏မြို့တော်ဖြစ်ကာ ၁၆ ရာစုမှ ၁၈ ရာစု အထိ စပိန် ကိုလိုနီအဖြစ် သိမ်းပိုက်အုပ်ချုပ်သူများ လက်အောက်တွင်ကက်သလစ်ပုံစံ အနုပညာလက်ရာများအတွက် ဗဟိုချက်တစ်ခုဖြစ်လာသည်။ ရာစုနှစ်ပေါင်းများစွာတည်ရှိလာသော အင်ဒီးယန်းရွာများရှိ ဘုရားကျောင်းငယ်များမှ အကူအညီပေးရန် ဖုန်းခေါ်ဆိုမှုများကို ဗဟိုဌာနမှရရှိကာ ပန်းချီကားအတော်များများမှာ မိုးဒဏ်၊ နေဒဏ်၊ ပိုးကိုက်ရာများ၊မတတ်ကျွမ်းသူများ ပြုပြင်ထားသော အပြစ်အနာအဆာများဒဏ်ကို ခံထားရသည်။
ဒေသခံ တိုင်းရင်းသားအနုပညာရှင် ဒီဂိုကွီတီတို၏ပြန်လည်ထိန်းသိမ်းထားပြီးသော ပန်းချီကားမှာ ကုဇ်ကိုဘုရားကျောင်းတစ်ကျောင်းတွင် ၂၀၁၆ မီးလောင်မှုတွင်အခြားအနုပညာလက်ရာ ၃၀ ကျော်နှင့်အတူ မီးဟပ်ခဲ့ခဲ့ရသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှ ဒေါ်လာ နှစ်သန်းနီးပါးဆုံးရှုံးခဲ့သည်ဟု အာဏာပိုင်များက ခန့်မှန်းကြသည်။
အဆိုပါ အလုပ်ရုံမှာ တစ်နှစ်လျှင် ဒေါ်လာ ခုနစ်သိန်းမစို့မပို့ဘတ်ဂျက်ဖြင့် ရုန်းကန်လုပ်ကိုင်နေရသည်ဟုအဆိုပါ အလုပ်ရုံကို ဦးဆောင်သူ အနုပညာ သမိုင်းပညာရှင် နီဒီယာပီရက်ဇ်က ပြောသည်။"အင်ဒီးစ်တောင်တန်းဒေသက င်းရင်းသားတွေရဲ့အင်ဒီးယန်းအနုပညာ အမှတ်တရတွေ ရှင်သန်အောင်ကျွန်မတို့ အခက်အခဲအမျိုးမျိုးကိုတွန်းလှန်ပြီး နေ့စဉ်လိုက်သည်။


















