ကော်ဖီသောက်လျှင် အသက်ရှည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဆို

ကော်ဖီသောက်လျှင် အသက်ရှည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဆို

ရှီကာဂို ” ကော်ဖီတစ်ခွက်ထက်မက များများလည်းသောက်နိုင်ပါသည်။ ထိုသို့သောက်ခြင်းက အသက်ရှည်ခြင်း အခွင့်အလမ်းကို မြှင့်တင်ပေးပြီး နေ့စဉ် ကော်ဖီရှစ်ခွက်ထက်မနည်း သောက်သူများအတွက် ထိုအခြေအနေကောင်းကို ရရှိနိုင်ကြောင်း သုတေသနအသစ်တစ်ခုက ဖော်ပြသည်။

အရွယ်ရောက်ပြီး ဗြိတိသျှလူမျိုး ငါးသိန်းနီးပါးကိုလေ့လာရာတွင် ကော်ဖီသောက်သူများသည် ကော်ဖီရှောင်သူများထက် သက်တမ်း ၁၀ နှစ်ကျော် အသက်ပိုရှည်ကြောင်း တွေ့ရသည်။

သိသာသော အသက်ရှည်ခြင်းသည် အသင့်ဖျော်ကော်ဖီ၊ အမှုန့်ကြိတ်ထားသော ကော်ဖီနှင့် ကဖိန်းဓာတ်နည်းသော ကော်ဖီသောက်သုံးခြင်း ရလဒ်က အမေရိကန်ပြည်ထောင်စု သုတေသနနှင့် ဆင်တူသည်။

၎င်းတို့၏ ခန္ဓာကိုယ် ကဖိန်းဓာတ်ကို မည်သို့အသုံးပြုပုံပေါ်မူတည်ကာ မျိုးရိုးဗီဇ ပြဿနာရှိသူများ၌ပင်အကျိုး ရှိ သည်ဟု အကြံ ပြုသည့် ပထမဦးဆံုးလေလ့ာ မှုကြီး တစ်ခု ဖြစ်သည်။

ခြုံငုံကြည့်လျှင် ကော်ဖီသောက်သူများသည် ကော်ဖီရှောင်သူများထက် သေဆုံးရန် အလားအလာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့နည်းသည်ဟု ဆယ်စုနှစ်ကြာ ဆက်လက်ပြုလုပ်သည့် သုတေသနက ဖော်ပြသည်။ထိုလေ့လာမှုကို ဇူလိုင် ၂ ရက် JAMA Internal Medicine ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။
ကော်ဖီသောက်ခြင်းက အသက်ရှည်ခြင်းအပေါ်မည်သို့သက်ရောက်သည်ကို တိတိ ကျကျ မရှင်းလင်းပေ။

ကော်ဖီတွင် ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသည့်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများအပါအဝင် ဓာတုဒြပ်ပေါင်း ၁,ဝ၀ဝ ကျော် ပါဝင်သည်ဟုUS NationalCancer Institute မှ သုတေသီတစ်ဦး ဖြစ်သောအီရစ်ကာလော့ဖ်ဖီးလ်က ဆိုသည်။ ကော်ဖီတွင်ပါရှိသောပစ္စည်းများသည် ရောင်ရမ်းခြင်းကို လျော့စေနိုင်ပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့နည်းစေသော အင်ဆူလင်ကိုခန္ဓာကိုယ်က အသုံးပြုမှုကို ပိုကောင်းစေသည်ဟုအခြားလေ့လာမှုများက ဖော်ပြသည်။

လေ့လာရေးအတွက် သုတေသီများက ဗြိတိသျှအရွယ်ရောက်သူ ကိုးသန်းကို ဖိတ်ခေါ်ခဲ့သော်လည်းအသက် ၄၀ နှင့် ၆၉ နှစ်ကြား အမျိုးသမီးနှင့် အမျိုးသား၄၉၈,,၁၃၄ ဦးသာ သဘောတူခဲ့သည်။ လေ့လာမှုတွင် ပါဝင်သူများက နေ့စဉ် ကော်ဖီသောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနှင့် အခြားအလေ့အထများနှင့် ပတ်သက်၍ မေးခွန်းများကိုဖြေကြားခဲ့ပြီး သွေးစစ်ခြင်းများပါသည့် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ခံယူခဲ့သည်။

အများစုသည် ကော်ဖီသောက်သူများဖြစ်ကာ သုံးပုံတစ်ပုံ နီးပါးမှာ နေ့စဉ် ကော်ဖီနှစ်ခွက်မှ သုံးခွက်အထိသောက်သုံးကြကာ တစ်သောင်းခန့်မှာ နေ့စဉ် အနည်းဆုံးရှစ်ခွက်သောက်၍ နောက် ဆယ်စုနှစ်အကြာတွင်ပါဝင်သူ ၁၄,၂၂၅ ဦးသည် အများအားဖြင့် ကင်ဆာရောဂါ၊မဟုတ် နှလုံးရောဂါနှင့် သေဆုံးခဲ့ကြသည်။

ကဖိန်းဓာတ်သည် သွေးဖိအား အချိန်တိုအတွင်းတိုးမြင့်လာမှုကို ဖြစ်စေပြီး အထူးသဖြင့် မျိုးရိုးဆိုင်ရာပြောင်းလဲမှုရှိသည့်လူများတွင် သွေးတိုးရောဂါနှင့်ဆက်စပ်မှုရှိသည်ဟု အချို့ လေ့လာရေးငယ်များကအကြံပြုကြသည်။  သို့သော် ဗြိတိန်နိုင်ငံ လေ့လာရေးတွင် ကော်ဖီသောက်သူများသည် မသောက်သူ များထက် နှလုံးရောဂါနှင့် အခြားသွေးဖိအားနှင့် ဆက်စပ်သော အကြောင်းတရားများနှင့်သေဆုံးနိုင်ခြေ ပိုများခြင်းမရှိပေ။

သုတေသနတွင် ပါဝင်သူများသည် ကော်ဖီကိုကော်ဖီကြမ်း၊ သို့မဟုတ် နို့နှင့် သကြားရောကာ မည်သို့သောက်သည်ကို သုတေသနက ဖော်ပြမထားပေ။ သို့သော်ဆီနှင့် ကယ်လိုရီများနှင့် ပြည့်နေမှုက ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း အာဟာရ ကျွမ်းကျင်သူ အဲလစ္စလိချ်တင်စတိန်းက ဆိုသည်။