တာချီလိတ်မြို့နယ်တွင် မစ်ဆူဘီရှီ ယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အေကေ ၄၇ သေနတ်နှင့် ကျည်ဆံများဖမ်းဆီးရမိခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း တာချိလိတ်မြို့ မရဲစခန်းမှသိရသည်။
အဆိုပါနေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို့အဝင်ဟွေရဲဂိတ်တွင် ပူးပေါင်းအဖွဲ့ များနှင့်အတူ ယာဉ်စစ်တာဝန် ထမ်းဆောင်နေစဉ်ဟွေရဲရွာဖက်မှ တာချီလိတ်မြို့ပေါ်ကို ဝင်ရောက် လာတဲ့ အိုက်မွန်း(၂၇ နှစ်) ဆိုသူမောင်းနှင်လာတဲ့ မစ်ဆူဘီရှီ (ခဲရောင်) ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေခဲ့သည်။
ထို့သို့ရှာဖွေရရာ ယာဉ်မောင်း ဘေးထိုင်ခုံအောက်မှ M-01104 နှင့် M-10145 နံပါတ်များပါရှိသော AK- 47 သေနတ်အရှည် (၂)လက် ၊ ကားနောက်ခန်း ထိုင်ခုံကူရှင် နောက်ဘက်မှာ ထည့်ထားတဲ့ ကျည်အိမ်(၁၆)ခု နှင့် ယာဉ်မောင်းဘေး Tool Box အတွင်း မှ ကျည် (၈) တောင့်ပါ ကျည်အိမ် (၁)ခု တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၃၀/၁၈၊ ရှမ်းလက်နက် အမိန့် ၁၂(က) အရ အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

















