ရှယ်ဗရွန်ရေနံကုမ္ပဏီအပေါ် ဒေါ်လာ ၉ ဘီလီယံခွဲ ဒဏ်တပ်မှု အီကွေဒေါအမြင့်ဆုံးတရားရုံးအတည်ပြု

ရှယ်ဗရွန်ရေနံကုမ္ပဏီအပေါ် ဒေါ်လာ ၉ ဘီလီယံခွဲ ဒဏ်တပ်မှု အီကွေဒေါအမြင့်ဆုံးတရားရုံးအတည်ပြု

ဆယ်စုနှစ်များစွာအတွင်း မုတ်သုန်သစ်တောများ ပျက်စီးမှုနှင့် ဒေသခံတိုင်းရင်းသားများ ထိခိုက်မှုအတွက် အမေရိကန်မှ ရှယ်ဗရွန်ရေနံကုမ္ပဏီကြီးအား ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ထားခြင်းကို အီကွေဒေါ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အတည်ပြုလိုက်သည်။

ဇူလိုင် ၁၀ ရက်တွင် ယင်းတရားရုံး၏ ကြေညာချက်ကြောင့် တရားလိုများ အောင်ပွဲခံခဲ့သော်လည်း အီကွေဒေါတွင် လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သည့် ရှယ်ဗရွန်အတွက် အမှတ်သညာအရသာ ကြီးကြီးမားမား ထိခိုက်စရာဖြစ်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။ ချယ်ဗရွန်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် တက်ဆာကိုသည် ပတ်ဝန်းကျင်ပျက်စီးမှုအတွက် ဒေါ်လာ သန်း ၄၀ လျော်ကြေးပေးရန် ၁၉၉၈ တွင် အီကွေဒေါနှင့် သဘောတူညီခဲ့ပြီး ရှယ်ဗရွန်ကမူ တာဝန်ယူရန် ပြည်ပတရားရုံးများမှတစ်ဆင့် ကာလကြာရှည် ငြင်းဆန်ခဲ့သည်။