ကျောက်ဆည်ကျည်ဆံနှင့်ကျည်ထိပ်ဖူးများရထားသံလမ်းကြား တွေ့ရှိ

ကျောက်ဆည်ကျည်ဆံနှင့်ကျည်ထိပ်ဖူးများရထားသံလမ်းကြား တွေ့ရှိ

ကျောက်ဆည်မြို့နယ်တွင်ကျည်ဆံနှင့်ကျည်ထိပ်ဖူးများရထားသံလမ်းကြားတွေ့ရှိသဖြင့်နယ်မြေခံတပ်သို့ အပ်နှံခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ဇူလိုင် ၁၁ ရက်နေ့က ကြောင်းသိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ည ၆ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ ကျားအိုလေး ကျေးရွာနေ ဦးမောင် ကျော်သည် ၎င်းရွာနှင့် တုံလုံကျေးရွာကြားရှိ မီးရထားသံလမ်း(၂)ခုကြားတွင် အိတ်ဖြင့်ထည့်ထားသည့် ၇.၆၂ ကျည် ၃၂ တောင့်၊ ၉ မမကျည် ၂ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ .၃၂ ကျည် ၁ တောင့်၊ ၇.၆၂ ကျည်ထိပ်ဖူး ၂ ခု၊ ဝ.၅ လက်မစက်သေနတ်ကြီး ကျည်ထိပ်ဖူး ၈ ခု၊ အရှည် ၁ လက်မခန့်ရှိ ကျည်ထိပ်ဖူး(စိစစ်ဆဲ) ၁ ခုတို့ တွေ့ရှိသဖြင့် ကျောက်ဆည်မြို့မရဲစခန်း သို့အပ်နှံခဲ့ပြီး အဆိုပါ ကျည်နှင့်ကျည်ထိပ်ဖူးတို့ကို နယ်မြေခံတပ်ရင်းသို့ အပ်နှံရန် ဆောင်ရွက်လျက်ရှီကြောင်းသိရသည်။