ဂျပန် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၇၆ ဦးရှိ ကယ်ဆယ်ရေး သမားများ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ

ဂျပန် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၇၆ ဦးရှိ ကယ်ဆယ်ရေး သမားများ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ

တိုကျို ” ဟီရိုရှီးမား အပါအဝင် ဂျပန်နိုင်ငံအနောက်ပိုင်း ဒေသ ၁၂ ခု တွင် စံချိန်တင်မိုးရွာသွန်းမှုများကြောင့် လူ ၁၁၄ ဦး သေဆုံးခဲ့ပြီးသေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ယိုမီယူရီ ရှင်ဘွန်းက စုဆောင်းထားသော အချက်အလက်များအရ သိရသည်။ ထို့ပြင် လူ ၅၉ ဦးလည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

၇၂ နာရီကျော်ကြာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့်အခြား အာဏာပိုင်အဖွဲ့အစည်းများကဇူလိုင် ၉ ရက်တွင် စတင်ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ အသက်ရှင်ကျန်ရှိနိုင်ခြေ နည်းလျက်ရှိကြောင်း ၎င်းတို့က ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင်သည်းထန်စွာ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၁၅၀ ကျော်လာခဲ့ပြီးနောက် ဇူလိုင်၁၀ ရက်တွင် ကယ်ဆယ်ရေးသမားများကရွှံ့နွံများ ဖုံးလွှမ်းခဲ့သည့် တောင်စောင်းများနှင့်မြစ်ကမ်းပါးများတွင် ပျောက်ဆုံးနေသောလူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပူလောင်သော နေရောင်အောင်တွင် ရွှံ့နွံများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှေးကွေးလျက်ရှိပြီး ပျက်စီးသွားသောလမ်းများနှင့် သယ်ယူပို့ဆောင်ရေးစနစ်များကြောင့် ကယ်ဆယ်ရေးပစ္စည်းများ အဆိုပါနေရာသို့ ရောက်ရှိရန် နှောင့်နှေးလျက်ရှိကြောင်း သိရသည်။

ရာနိုကျောင်းတွင် ခိုလှုံနေထိုင်လျက်ရှိသော အရပ်သားများကို ရေ၊ စောင်နှင့်ဆဲလ်ဖုန်းအားသွင်းကြိုးများ ထောက်ပံ့ထားသည်။ သို့သော် ဒေသတွင်း စတိုးဆိုင်များမှာကုန်ပစ္စည်း ပြတ်လပ်နေပြီး မြို့ပြင်သို့ မထွက်နိုင်သူများနှင့် ခိုလှုံနေထိုင်နေသူများအတွက်စုဆောင်းပေးထားကြောင်း ဒေသခံ စေတနာ့ဝန်ထမ်း ယူကီ ဆာတိုက ပြောကြားခဲ့ပါသည်။ဘေးအန္တရာယ်ထိခိုက်ခဲ့သော ဒေသများတွင်ရေနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများရှားပါးလျက်ရှိကြောင်း သိရသည်။

ကုန်ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီများဖြစ်သော ဆာဂါဝါ အိတ်စ်ပရပ်စ်ကုမ္ပဏီ၊ရာမာတို ပို့ဆောင်ရေးကုမ္ပဏီနှင့် ကွန်တင်နာဝန်ဆောင်မှု ကုမ္ပဏီတို့က ကုန်ပစ္စည်းပို့ဆောင်မှုများသည် ရေကြီးသောဒေသများတွင် ယာယီရပ်ဆိုင်းခံထားရကြောင်း သိရသည်။ ဟီရိုရှီးမားနှင့် ဘေးအန္တရာယ် ထိခိုက်ခဲ့သော အခြားနေအိမ် ထောင်ပေါင်းများစွာက ရေသန့်နှင့်လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရကြောင်း သိရသည်။ ရေရရှိရန် အရပ်သားများက အပူချိန်၃၅ ဒီဂရီ စင်တီဂရိတ်ရှိသော နေရောင်အောက်တွင် တန်းစီနေရလျက်ရှိပြီး အချို့ အရပ်သားများ အပူလျှပ်သည့်ဒဏ်ကို ခံစားခဲ့ရသည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် သည်းထန်စွာမိုးရွာသွန်းမှု ရပ်တန့်သွားခဲ့သော်လည်း၇၂ နာရီကျော်ကြာ မိုးရွာသွန်းမှုကြောင့်ကိုချီစီရင်စု အူမာဂျီတွင် မိုးရေချိန် ၄၇ ဒသမ၄ လက်မ၊ ဂီဖု စီရင်စု ဂူဂျိုတွင် မိုးရေချိန် ၈၅၈မီလီမီတာ၊ အီဟီမေး စီရင်စု ကီဟိုကုတွင်၅၃၃ ဒသမ ၄ မီလီမီတာ၊ ဟီရိုရှီးမား စီရင်စုမီဟာရာတွင် ၄၇၁ မီလီမီတာ ရှိခဲ့သည်။စီရင်စု ၂၂ ခုရှိ ၁၁၉ နေရာတွင် စုစုပေါင်းမိုးရေချိန် စံချိန်တင်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကဘေးအန္တရာယ်ကြုံတွေ့ခဲ့သော နေရာသို့က လူ ၁၇၆ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ရှင်ဇိုအာဘေးက လူ ၄၀ကျော် သေဆုံးခဲ့သည့် ကူရာရှိကီမြို့ရှိကယ်ဆယ်ရေးစခန်းသို့ ားရောက်ဖွယ်ရှိသေးကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ယိုရှီဟိုက်ဆူဂါက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး အလုပ်သမားများနှင့် စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးသမား ထောင်ပေါင်းများစွာကအပျက်အစီးများကြားတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်လျက်ရှိပြီးငါးရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။