၁ အမ်ဒီဘီ အရှုပ်တော်ပုံကြိုးကိုင်သူ ပြည်ပထွက်ပြေး

၁ အမ်ဒီဘီ အရှုပ်တော်ပုံကြိုးကိုင်သူ ပြည်ပထွက်ပြေး

ကွာလာလမ်ပူ ” ၁ အမ်ဒီဘီ အရှုပ်တော်ပုံနောက်ကွယ်က ကြိုးကိုင်သူအဖြစ် သံသယရှိသူထွက်ပြေးတိမ်းရှောင်နေသော စီပွားရေးလုပ်ငန်းရှင် လောတိတ်ဂျိုက မကာအိုသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစိုးရသစ်က အဆိုပါ အရှုပ်တော်ပုံကို ပြန်လည်စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက်မလေးရှား အာဏာပိုင်များက စီးပွားရေးလုပ်ငန်းရှင် လောတိတ်ဂျိုကို ဝရမ်းထုတ် ရှာဖွေဖမ်းဆီးလျက်ရှိသည်။

၁ အမ်ဒီဘီကို မလေးရှား ခေါင်းဆောင်ဟောင်းက တည်ထောင်ခဲ့သော်လည်း အ ေကြွဘီလျံနှင့်ချီတင်ခဲ့ပြီး အမေရိကန်၊ ဆွစ်ဇာလန်နှင့် အခြားနိုင်ငံများမှ အာဏာပိုင်များက ၎င်းကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။

လောတိတ်ဂျိုသည် မကာအိုမှ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း မကာအိုအာဏာပိုင်များက မလေးရှား အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲမိုဟာမက် ဖူဇီ ဟာရွန်ကို ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံကလော၏ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းခဲ့သော်လည်း လောတွင် အခြား ခရီးသွားစာရွက်စာတမ်းများ ရှိနေခြင်းတို့ကြောင့် ခြေရာခံရန် ခက်ခဲကြောင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက်ဖူဇီက ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ၏ တောင်းဆိုမှုကြောင့်အင်တာပိုလ်အ ဖွဲ့အစည်းက လောကိုဖမ်းဆီးရန်ထုတ် ပြန် ပြီး လော၏ တည်နေရာကိုမကြာမီ သိရှိရန် မျှော်လင့်ထားကြောင်း မိုဟာမက်ဖူဇီက ပြောကြားခဲ့သည်။၁အမ်ဒီဘီ ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ အနည်းဆုံး ငွေဖြူငွေမည်းလဲရာတွင် လောကအသုံးပြုခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။

နာဂျစ်၏ ဇနီးပါသား ရီဇာအာဇစ်၏ သူငယ်ချင်းဖြစ်သူ လောက ၁ အမ်ဒီဘီတွင်တရားဝင် ရာထူးနေရာ မရရှိထားသော်လည်း ၁ အမ်ဒီဘီ၏ စီးပွားရေးဆက်ဆံရေးတွင်သြဇာလွှမ်းမိုးမှုရှိပြီး နာဂျစ်နှင့် မကြာခဏ အဆက်အသွယ်ရှိကြောင်း တရားရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အရှုပ်တော်ပုံတွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ လိမ်လည်မှုပါဝင်ကြောင်း ဆွစ်ဇာလန် ရှေ့နေချုပ် မိုက်ကယ် လော်ဘာက ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ နာဂျစ်သည် ယခင်သီတင်းပတ်က ယုံကြည်မှု အလွဲသုံးစားလုပ်မှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက်တရားစွဲဆိုခြင်းခံရသော အရှေ့တောင်အာရှ ခေါင်းဆောင်များအနက် တစ်ဦး ဖြစ်လာခဲ့သည်။ နာဂျစ်က အစိုးရသစ် စွဲချက်တင်မှုအပေါ် အပြစ်ကင်းကြောင်း ထွက်ဆိုခဲ့ပြီးနာဂျစ်ပိုင်ဆိုင်သော မလေးရှားသုံးငွေ ရင်းဂစ် ၁ ဒသမ ၁ ဘီလျံကျော် တန်ဖိုးရှိသည့်လက်ဝတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။