အစ္စတန်ဘူလ် ” တူရကီသမ္မတ အာဒိုဂန်က နောက်ထပ်သမ္မတသက်တမ်း ငါးနှစ် တာဝန်ထမ်းဆောင်ရန်ကျမ်းသစ္စာ မကျိန်ဆိုခင် တူရကီအစိုးရက အစိုးရဝန်ထမ်း၁၈,ဝ၀ဝ ကျော်ကို ဇူလိုင် ၈ ရက်တွင် ရာထူးက ဖယ်ရှားလိုက်သည်။ ၂၀၁၆ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် နိုင်ငံပိုင်အဖွဲ့အစည်းများကို အစိုးရက စတင်ခဲ့သော ဖယ်ရှားခဲ့ပြီး ယခုဝန်ထမ်းများကို ထုတ်ပယ်မှုသည် နောက်ဆုံး အစုလိုက်အပြုံလိုက် ရာထူးက ဖယ်ရှားခံရခြင်း တစ်ခုဖြစ်သည်။
ဇူလိုင် ၈ ရက်မတိုင်ခင် အကြမ်းဖက်အုပ်စုများနှင့်အဆက်အသွယ်ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့်အာဏာပိုင်များက အနည်းဆုံး လူ ၁၃၀,ဝ၀ဝ ခန့်ကိုအလုပ်က ထုတ်ပစ်ခဲ့သည်။ ထိုသို့ အစုလိုက်အပြုံလိုက်ဖယ်ရှားခြင်းက အစိုးရ၏ နိုင်ငံရေးအတိုက်အခံများနှင့်ဝေဖန်ရေးသမားများအပြင် အပြစ်မရှိသော ပြည်သူများကိုပါ ပစ်မှတ်ထားခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများကထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၈ ရက်တွင် ရဲအရာရှိ ၉,ဝ၀ဝ ခန့် ရာပေါင်းများစွာသော စစ်သားများနှင့် ပညာရှင်များကို အလုပ်ကထုတ်ပယ်ခဲ့ကြောင်း တူရကီအစိုးရပြန်တမ်း ထုတ်ပြန်ချက်အရသိရသည်။ သတင်းတိုက်သုံးတိုက်နှင့် ရုပ်သံလိုင်းတစ်လိုင်း ပိတ်သိမ်းခံခဲ့ရပြီး ယခင်က ရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရသော အခြား လူ ၁၄၈ ဦးကို မူလရာထူး၌ပြန်လည်ခန့်အပ်ခဲ့သည်။
အစိုးရကို အထူးလုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့သည့်အရေးပေါ်အခြေအနေ သက်တမ်းနှစ်နှစ်တွင် အဆိုပါအစုလိုက်အုပြုံလိုက် ရာထူးက ဖယ်ရှားခြင်းကို စတင်ခဲ့ပြီးအာဏာသိမ်းမှု မအောင်မြင်ခဲ့ပြီးနောက် တူရကီနိုင်ငံကိုစိုးရိမ်ဖွယ်ရာ အကြမ်းဖက်မှု မကြာခဏဖြစ်ပွားသောခေတ်တစ်ခေတ်သို့ ရောက်ရှိခဲ့သွားစေခဲ့သည်။
ပါလီမန်စနစ်မှ တစ်ပါတီအာဏာရှင်စနစ်အမြစ်တွယ်သွားနိုင်ခြေရှိသည်ဟု ဝေဖန်ရေးသမားများက ပြင်းပြင်းထန်ထန် ....
အတိုက်အခံများ၏ တောင်းဆိုမှုကို အမြဲတမ်းလိုက်လျောသောအားဖြင့် တူရကီသမ္မတ အာဒိုဂန်က၎င်း၏ သမ္မတသက်တမ်း မစတင်ခင် အဆိုပါ အရေးပေါ်အခြေအနေ သတ်မှတ်ထားမှုကို ရုပ်သိမ်းနိုင်ကြောင်းမျှော်လင့်ထားခဲ့ကြသည်။ သို့သော် ပါလီမန်စနစ်မှတစ်ပါတီအာဏာရှင်စနစ် အမြစ်တွယ်သွားနိုင်ခြေရှိသည်ဟု ဝေဖန်ရေးသမားများက ပြင်းပြင်းထန်ထန်အငြင်းပွားပြောဆိုထားသည့် အမှုဆောင်အရာရှိပုံစံသမ္မတစနစ်ကို ပြောင်းလဲမည်ဖြစ်ပြီး ထိုစနစ်က အာဒိုဂန်တစ်ဦးတည်း အရေးပါအရာရောက်သော အာဏာကိုရရှိမည်ဖြစ်သည်။
တူရကီနိုင်ငံ၏ မကြာခဏ ဖြိုခွဲခြင်းခံရသော အတိုက်အခံပါတီများက ပူးပေါင်း၍ ထူးထူးခြားခြား စိန်ခေါ်မှုများရှိနေသော်လည်း ဇွန်လတွင် အာဒိုဂန်ကို သမ္မတအဖြစ်ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သမ္မတအာဒိုဂန်၏ အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြား အမျိုးသားရေး နိုင်ငံရေးပါတီတို့၏မဟာမိတ်ဖွဲ့စည်းခဲ့မှုကြောင့် ပါလီမန်လွှတ်တော်အတွင်းရှိ နေရာအများစုကိုလည်း အာဒိုဂန်က ထိန်းချုပ်နိုင်မည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးသူ အနည်းငယ်သာ ထောက်ခံခဲ့သောတူရကီနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြောင်းလဲမှုကဝန်ကြီးချုပ်ရာထူးကို ဖယ်ရှားခဲ့ခြင်း၊ ပါလီမန်ကို တိုးချဲ့ခဲ့ပြီးစိုးရအဖွဲ့ ရွေးချယ်ခန့်အပ်ရန် သမ္မတအား လုပ်ပိုင်ခွင့်အာဏာပေးခြင်း၊ အသုံးစရိတ်နှင့် တစ်ဖက်သတ် ဥပဒေအမိန့်ထုတ်ပြန်ကြေညာခြင်းတို့ကို လုပ်ဆောင်နိုင်လာခဲ့သည်။
အပြောင်းအလဲများကို အငြင်းပွားရာတွင် တူရကီနိုင်ငံ၏ မုန်တိုင်းထန်သော နိုင်ငံရေးအခြေအနေ၊ လက်ရှိလုံခြုံရေး အန္တရာယ်များနှင့် ကိုင်တွယ်ရခက်သောဗျူရိုကရေစီစနစ်ကို အဆင်ပြေပြေ အသုံးပြုရန် လိုအပ်ကြောင်း အာဒိုဂန်ကို ထောက်ခံအားပေးသူများကပြောဆိုခဲ့ကြသည်။

















