ဘိန်းမဲ သိန်း ၁၀ဝ ကျော်ဖိုး ပိုင်ရှင်မဲ့သိမ်းဆည်း

ဘိန်းမဲ သိန်း ၁၀ဝ ကျော်ဖိုး ပိုင်ရှင်မဲ့သိမ်းဆည်း

ခင်ဦးမြို့နယ်တွင် ဆိုင်ကယ်ထိုင်ခုံအတွင်းမှ ဘိန်းမဲ သိန်း ၁၀ဝ ဖိုးခန့် ပိုင်ရှင်မဲ့သိမ်းဆည်း ခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်းမှ ဇူလိုင် ၁၁ ရက်နေ့က သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် ရွှေဘို-မြစ်ကြီးနား (ပြည်ထောင်စု) ကားလမ်းမကြီး မိုင်တိုင် အမှတ်- (၁၆) ကီလိုမီတာရှိ ညောင်ကန်ကျေးရွာအနီးတွင် ဇူလိုင် (၉) ရက်နေ့ ည ၁၀ နာရီခွဲခန့်က ဆိုင်ကယ်ထိုင်ခုံများကို ဓါးဖြင့်ခွဲနေသည်ကို မသင်္ကာဖွယ် တွေ့ရှိကြောင်း သတင်းပေးချက်အရ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှမတွေ့ရှိရဘဲ ဆိုင်ကယ် ၂ စီးကိုတွေ့ရှိခဲ့ပြီး ဘိန်းမဲ အလေးချိန် ၁၀ ပိသာ ၁၅ ကျပ်သား ကာလတန်ဘိုးငွေကျပ်သိန်း (၁၀ဝ) ကျော်ဖိုးပိုင်ရှင်မဲ့သိမ်းဆည်း ရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ခင်ဦးမြို့မရဲစခန်းက မယ(ပ) ၃/၁၈၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်စုံစမ်းလျက်ရှိ ကြောင်းသိရသည်။