အော်ဘရာဒိုနဲ့ ထရမ့်တို့နှစ်ယောက်မှာ တူတာလေးတွေ ရှိကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်မှန်တဲ့ စီးပွားရေးသမားအမျိုးသားစိတ်ဓာတ်ရှိသူတွေလို့ ထင်ရတယ်။ အမေရိကန်နိုင်ငံဟာ အလူမီနီယံနဲ့ သံမဏိတို့ ကိုယ်ပိုင်လုံလောက်စေချင်တယ်လို့ ထရမ့်က မျှော်လင့်
လွန်ခဲ့ သော ၁၈ လအတွင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တစ်ကမ္ဘာလုံးကို ခေါင်းကိုက်စေခဲ့တဲ့အထဲမှာပြောရစတမ်းဆိုရင် မက္ကဆီကိုနိုင်ငံလောက် ဘယ်နိုင်ငံကမှ မခံစားရဘူးလို့ ဆိုနိုင်တယ်။ မကြာသေးမီက ပြီးဆုံးသွားခဲ့တဲ့ မက္ကဆီကို သမ္မတရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်သူ သုံးဦး အနက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ (Andres Manuel Lopez Obrador) ၊ ဒါမှမဟုတ် AMLO လို့လူသိများတဲ့သူလောက် အိမ်ဖြူတော်ထဲက ဗိုလ်ကျသူကိုကိုင်တွယ်ဖို့ ပြင်ဆင်ထားခြင်းမရှိဘူးလို့ ဆိုရမယ်။ ဘာပဲပြောပြော မက္ကဆီကို နိုင်ငံသားတွေက သူ့ကို ရွေးကောက်တင်မြှောက်ခဲ့ပြီဖြစ်တာကြောင့် သူက ထရမ့်နဲ့ သမ္မတသက်တမ်း ခြောက်နှစ် လုံးလုံးမဟုတ်ရင်တောင် တချို့တစ်ဝက်လောက်တော့ ဆက်ဆံရတော့မှာဖြစ်တယ်။
အမေရိကန်က အလယ်ပိုင်းမှ ရွှေ့ပြောင်းသူတွေ မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းတာ၊ ရွှေ့ပြောင်းအခြေစိုက်ဖို့ ဝင်လာသူတွေရဲ့ ကလေးတွေကို သီးခြားထိန်းသိမ်းမှုတွေနဲ့ ဒီကိစ္စတွေနဲ့ ....
မက္ကဆီကိုသမ္မတ ရွေးကောက်ပွဲမှာ မက္ကဆီကို”အမေရိကန်ဆက်ဆံရေးဟာ အဓိကအကြောင်းအရာ မဟုတ်သလိုAMLO ရဲ့ ဦးစားပေးကဏ္ဍတွေမှာလည်း ပါမှာမဟုတ်ဘူး။ ဒါပေမဲ့ တခြားကိစ္စတွေထက်စာရင် ဒီကိစ္စနှစ်ခုဟာ မက္ကဆီကို နိုင်ငံသားတွေ အပေါ် အသေအချာ သက်ရောက်မှုရှိမှာ ဖြစ်တယ်။
အော်ဘရာဒိုနဲ့ ထရမ့်တို့နှစ်ယောက်မှာ တူတာလေးတွေရှိကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်မှန်တဲ့ စီးပွားရေးသမား အမျိုးသားစိတ်ဓာတ်ရှိသူတွေလို့ ထင်ရတယ်။အမေရိကန်နိုင်ငံဟာ အလူမီနီယံနဲ့ သံမဏိတို့ ကိုယ်ပိုင်လုံလောက်စေချင်တယ်လို့ ထရမ့်က မျှော်လင့်တယ်။
တစ်ဖက်ကလည်း AMLOဟာ မက္ကဆီကိုနိုင်ငံအတွက်ပြောင်း၊ ဂျုံ၊ အမဲသား၊ ဝက်သားနဲ့ သစ်တို့ကို ဖူလုံစေချင်တယ်။ နှစ်ယောက်စလုံးဟာ ကုန်သွယ်ရေး သဘောတူညီမှုတွေကို မနှစ်သက်ကြဘူး။ သဘောမတူကြပေမဲ့သူတို့ မလိုလားတာကို လက်တွေ့ကျကျနဲ့ ရွေးနုတ်မှုလုပ်ကြတယ်။
ထရမ့်ဟာ ပစိဖိတ် ကုန်သွယ်ရေးမိတ်ဖက်မှုမှထွက်ခဲ့ပေမဲ့ အခုအချိန်အထိတော့ မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီမှု(NAFTA) ကမထွက်သေးဘူး။ တစ်ဖက်ကလည်း AMLO က လက်ရှိမက္ကဆီကိုသမ္မတ Enrique Pena Nieto လက်ကိုင်ပြုထားတဲ့အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့ NAFTA ကို ပြန်လည်ညှိနှိုင်းဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ပြောတယ်။
သူတို့ နှစ်ယောက်စလုံးဟာ တစ်ဖက်နိုင်ငံကိုအလွန်အမင်းမနှစ်ခြိုက်ကြဘဲ သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ ထောက်ခံသူတွေရဲ့ဆန္ဒကို အလိုဖြည့်ကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး သိကြတာကတော့ သူလိုငါလို ဖူးတွေ့ဒူးတွေ့ညှိနှိုင်း၊ ကူညီဆောင်ကြဉ်းမှုနဲ့ ပြေရာပြေကြောင်းလုပ်ရမယ်ဆိုတာကိုသိကြတယ်။
ဒီလို တူညီကြတာတွေ ရှိတဲ့ကြားက၊ သို့မဟုတ် တူညီတာတွေကြောင့်လည်း ထရမ့် နဲ့ AMLO တို့နှစ်ယောက်ဟာအမေရိကန်” မက္ကဆီကိုဆက်ဆံရေးကို သံသယဖြစ်မှုတွေပိုမိုနက်ရှိုင်းမှုသစ်တွေဆီကို ပို့ပေးမှာ သေချာသလောက် ရှိတယ်။ နှစ်နိုင်ငံရဲ့ လုပ်ငန်းစဉ်မှာ ကုန်သွယ်ရေး၊လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်ဆေးဝါ၊ လုံခြုံရေးနဲ့ဒေသတွင်းကိစ္စတွေက ဆက်လက်စိုးမိုးနေဦးမှာ ဖြစ်ပြီးအဲဒီကိစ္စတွေကို ရင်ဆိုင်ရာမှာလည်း ရာစုနှစ်နီးပါးအတွင်း အလွန် ပဋိပက္ခဆန်တဲ့ အမေရိကန် သမ္မတနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။
ကုန်သွယ်ရေးနဲ့ အခွန်စည်းကြပ်မှုတွေမှာ AMLO ရဲ့အနေအထားတွေကို အတိအကျ မသိရသေးပေမဲ့ သူ့ရဲ့စီးပွားရေး အကြံပြုချက်အတော်များများဟာNAFTAရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ သဟဇာတမဖြစ်ဘူး။ လယ်ယာထွက်ကုန် ခပ်များများကို ကြမ်းခင်းဈေးပြဋ္ဌာန်းကာမက္ကဆီကို နိုင်ငံသားတွေစားသုံးသမျှ မက္ကဆီကိုနိုင်ငံကထုတ်လုပ်နိုင်ဖို့လုပ်တာဟာ NAFTA ရဲ့ စည်းကမ်းချက်အတော်များများနဲ့ ဖီလာဆန့်ကျင်နေသလို အမေရိကန်ရဲ့ နှစ်နိုင်ငံကြား ကုန်သွယ်မှု လိုငွေပြနေတာ လျှော့ချရေးအတွက် ထရမ့်ရဲ့ ပန်းတိုင်ကိုလည်း ဆန့်ကျင်တဲ့သဘော သက်ရောက်နေတယ်။
ဒီဇင်ဘာ ၁ ရက်မှ သမ္မတဖြစ်လာမယ့် AMLO ကသဘောတူစာချုပ်ကို ဒီအတိုင်း ထားကာ ပြန်လည်ပြင်ဆင်ဖို့အတွက် ဆက်လက်ဆွေးနွေးမယ်လို့ ကတိပေးထားတယ်။ သုံးနိုင်ငံတို့ရဲ့ နောက်ဆုံးသဘောတူညီမှုနဲ့အတည်ပြုမှုတို့မှာ သမ္မတ အပြောင်းအလဲကြောင့်ကြန့်ကြာနေဦးမှာဖြစ်တယ်။
ဒီအတောအတွင်းမှာ NAFTA မှ ထွက်မယ်ဆိုတဲ့ ထရမ့်ရဲ့ ထပ်တလဲလဲ ခြိမ်းခြောက်မှုတွေ၊ သို့မဟုတ် အခွန်စည်းကြပ်မှု အသစ်တွေ ပြဋ္ဌာန်းမယ်ဆိုတဲ့ ပြောဆိုမှု တွေဟာ ဥပမာ” အမေရိကန် နိုင်ငံထဲ မက္ကဆီကိုနိုင်ငံ မှကားတင်ပို့မှုတွေ၊ မက္ကဆီကို နိုင်ငံရဲ့ ခေါင်းဆောင်သစ်တွေကို ကသိကအောက် ဖြစ်စေမှာ သေချာတယ်။
လူဝင်မှုကြီးကြပ်ရေးကိစ္စကတော့ ပိုပြီးခေါင်းခဲစရာဖြစ်တယ်။
နယ်စပ်တစ်လျှောက်လုံး အုတ်တံတိုင်းတည်ဆောက်ရမယ်လို့ထရမ့်ရဲ့ မရမက တောင်းဆိုမှု၊ အမေရိကန်အချက်အခြာဒေသက နှင်ထုတ်ခံရတဲ့ မက္ကဆီကိုလူမျိုးအရေအတွက် များပြားလာတာ၊ အမေရိကန်အလယ်ပိုင်းက ရွှေ့ပြောင်းသူတွေ မက္ကဆီကိုနိုင်ငံကိုဖြတ်သန်းတာ၊ ရွှေ့ပြောင်းအခြေစိုက်ဖို့ ဝင်လာသူတွေရဲ့ကလေးတွေကို သီးခြားထိန်းသိမ်းမှုတွေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ သံတမန်ရေးရာနဲ့ လေတစ်လုံးမိုးတစ်လုံး ဟိန်းလွန်းတဲ့ ဖိအားပေး မှုတွေကြောင့်လွယ်ဖို့ အခက်အခဲပိုရှိနိုင်တယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲအရှိန် မြင့်တက်နေတုန်းက သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်နေတဲ့ထရမ့်ကို မက္ကဆီကိုနိုင်ငံကို ဖိတ်ခေါ်ခဲ့ပြီးနောက်မှာအဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတ Pena Nieto ရဲ့ထရမ့် အကြိုက်ကို လိုက်ခဲ့တာကြောင့် AMLO အနေနဲ့သင်္ကေတ အမှတ်အသားလောက်ပင်ဖြစ်စေ သမ္မတ Pena Nieto ထက် ထရမ့်ကို တတ်နိုင်သမျှ မျက်နှာချင်းဆိုင်ဝံ့ဖို့လိုလိမ့်မယ်။
နှစ်နိုင်ငံ လုပ်ငန်းစဉ်ပေါ်မှာရှိတဲ့ကိစ္စ အားလုံးချဉ်းကပ်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးတို့ကို ညှိနှိုင်းမှုအနေအထားအဖြစ် အသုံးပြုမယ်လို့သမ္မတ Pena Nieto က သတိပေးခဲ့ပေမဲ့ သူပြောတဲ့အတိုင်းမလုပ်ခဲ့ဘူး။ ဒါပေမဲ့ AMLO အနေနဲ့ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေရဲ့ ရှုပ်ထွေးခက်ခဲမှုကို နားလည်လာတဲ့အခါမှာ သူ့အနေနဲ့ Pena Nieto မလုပ်ရဲခဲ့တဲ့ ကိစ္စကိုလုပ်လာနိုင်တယ်။
လူဝင်မှုကြီးကြပ်ရေးမှာ မက္ကဆီကိုအနေနဲ့ သုံးနိုင်တဲ့ကိရိယာတွေရှိတယ်။ ဥပမာ ” ဂွာတီမာလာနိုင်ငံနဲ့ကပ်လျက် တောင်ဘက်နယ်စပ်ကို ထိန်းချုပ်မှုလျှော့ပေး၊သို့မဟုတ် အမေရိကန်က နှင်ထုတ်ခံရသူတွေ မက္ကဆီကိုနိုင်ငံသားဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေကအတည်ပြုမပေးရင် ဝင်ခွင့်လက်မခံဖို့ပဲ ဖြစ်တယ်။
အမေရိကန်အစိုးရရဲ့ သက်တမ်း တစ်ဝက် ရွေးကောက်ပွဲတွေ နိုဝင်ဘာလမှာရယ်၊ ၂၀၂၀ပြည့်နှစ် သမ္မတရွေးကောက်ပွဲကလည်း သိပ်မဝေးတော့တာကြောင့်ထရမ့် အနေနဲ့ သူ့ကိုထောက်ခံသူတွေရဲ့ မလိုမုန်းတီးမှုကို ဆွပေးတာ ရှောင်ဖို့ အခက်တွေ့မှာဖြစ်တယ်။
မူးယစ်ဆေးဝါးအပေါ် စစ်ဆင်ရေးဟာလည်းအလားတူ လမ်းဆုံမှာရှိနေတယ်။ အမေရိကန်ကမူးယစ်ဆေးဝါးပြဿနာကို လျော့သွားခြင်းမရှိဘဲ ဘိန်းဖြူနဲ့ဖင်တာနင်လ် မူးယစ်ဆေးဝါး အများစုမှာ မက္ကဆီကိုမှာတိုက်ရိုက်၊ သို့မဟုတ် တစ်ဆင့်ရောက်လာတာ ဖြစ်တယ်။ အပြန်အလှန်အနေနဲ့ ဆေးဝါးအဖြစ်၊ သို့မဟုတ်အပန်းဖြေတဲ့အနေနဲ့ ဆေးခြောက်သုံးစွဲမှုကို တရားဝင်လုပ်လာတဲ့ အမေရိကန်ပြည်နယ်တွေ တိုးလာသလိုကနေဒါနိုင်ငံကလည်း ဒီအတိုင်းလုပ်ခဲ့တယ်။ AMLO ဟာ ဒီကိစ္စတွေအပေါ်မှာ အတော်ကလေးရှေးရိုးဆန်ပြီး တရားဝင်လုပ်ဖို့ ခုခံတာကြောင့် အရင်ကအမေရိကန် မူးယစ်ဆေးဝါး တားဆီးရေးအဖွဲ့နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ အဆင့်ကို ထိန်းသိမ်းထားဖို့အခက်အခဲဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ထရမ့်အပေါ် မုန်းတီးမှုနဲ့သူ့အရင် သမ္မတ နှစ်ယောက်တို့ရဲ့ ပုန်းလျှိုးဝှက်လျှိုးစပ်စုပြီး တရားမဝင်ဖြစ်နိုင်စရာမရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မကျေမချမ်းမှုတို့ကြောင့် လွယ်လွယ်နဲ့ ခွင့်ပြုမှာမဟုတ်ဘူး။ အခရာကျတဲ့လူတွေကို မဟုတ်ဘဲနဲ့ ပါမွှားဆေးခြောက်နဲ့ ဘိန်းပင်စိုက်ပျိုးသူတွေအပေါ် တစ်နည်းနည်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်လို့ယုံကြည်ကြောင်း AMLO က စောင်းမြောင်းပြောဆိုခဲ့တယ်။ ဒီလူမျိုးတွေကြား ပြတ်သား ရှင်းလင်းမှုတော့သိပ်မရှိလှဘူး။
Guerrero အရပ်က တောင်သူလယ် သမားတွေဟာသူတို့ရဲ့ စားဝတ်နေရေး အတွက်မဟုတ်ဘဲ မူးယစ်ဆေးဝါးစီးပွားရေး သမားတွေအတွက်သာ မူးယစ်ဆေးဝါးပင်တွေစိုက်ပျိုးခြင်းသာဖြစ်တယ်။
အရင် မက္ကဆီကို သမ္မတတွေရဲ့ အကုန်အကျများ၊သွေးထွက်သံယိုများပြီး အချည်းနှီးဖြစ်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံရေးမူးယစ်ဆေးဝါး စစ်ပွဲတွေ ဆင်နွှဲမယ်ဆိုတဲ့ကတိကဝတ်တွေကို ဘွာခတ်ကာ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အသာတကြည် လက်ခံမှာမဟုတ်ဘူး။
အမေရိကန်”မက္ကဆီကို နိုင်ငံတို့ရဲ့ လုပ်ငန်းစဉ်မှာထောက်လှမ်းရေးသတင်း မျှဝေမှု၊ အကြမ်းဖက်ကိုတန်ပြန်ခြင်းနဲ့ ဗင်နီ ဇွဲလား၊ နီကာရာဂွာနဲ့ ကျူးဘားလည်းပါနိုင်ခြေရှိတဲ့ ဒေသတွင်းပြဿနာ စတဲ့ကိစ္စတွေလည်းပါမှာဖြစ်တယ်။
ပထမပိုင်းကိစ္စတွေကိုတော့ AMLO က မက္ကဆီကိုရဲ့ပူးပေါင်း ဆောင်ရွက်မှုကို ထိန်းသိမ်းဖို့ သေချာတယ်။ တစ်ချိန်တည်းမှာ ဒေသတွင်း သံတမန်ရေးရာနဲ့ ပတ်သက်ရင်တော့ မက္ကဆီကိုရဲ့ ထုံးတမ်းစဉ်လာ အလွန်ခေတ်နောက်ကျတဲ့ ကြားဝင်စွက်ဖက်ရေးကို ဆန့်ကျင်တဲ့အနေအထားမှာ ရှိဖို့များတယ်။ ဒါပေမဲ့ ထရမ့်ကဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ နီကာရာဂွာ သမ္မတအော်တေးဂါးတို့ထက် လုံခြုံရေးကို ပိုမိုအလေးထားတာကြောင့် တကယ် သဘောထားကွဲလွဲမှုကို ရှောင်ရှားနိုင်မှာဖြစ်တယ်။
မက္ကဆီကိုနိုင်ငံမှာ ပြောင်းလဲမှုအတွက် အလွန်စိတ်ထက်သန်တာရယ်၊ ရာထူးစွန့်သွားမယ့် အစိုးရရဲ့ညံ့ဖျင်းမှုနဲ့ အများယုံကြည်လက်ခံမှု မရှိတော့တာတွေဟာ AMLO အနိုင်ရဖို့ ဖြစ်စေခဲ့တယ်။ အခုဆိုရင် မက္ကဆီကိုနိုင်ငံသားတွေဟာ သူတို့ရွေးချယ် မှုရဲ့ အကျိုးဆက်တွေကိုရင်ဆိုင်ရမှာဖြစ်သလို တခြားနိုင်ငံတွေထက်စာရင်သူတို့နိုင်ငံဟာ ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံသားတွေရွေးချယ်ခဲ့တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
(ဤဆောင်းပါးသည်Jorge G.Castaneda ၏ အာဘော်သာဖြစ်သည်။ သူသည် ၂၀ဝ၀-၂၀ဝ၃ ခုနှစ်အထိမက္ကဆီကိုနိုင်ငံခြားရေး ဝန်ကြီးဖြစ်ခဲ့ပြီး နယူးယော့ခ်တက္ကသိုလ်မှာ Global Distinguished Professor of Politics
and Latin American and Caribbean Studies ဖြစ်သည် ။

















