လုယက်မှုကျူးလွန်မှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသူကို သက်ဆိုင်ရာက သတင်းအရဖမ်း ဆီးစစ် ဆေးခဲ့ရာမှ လုယက်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၃၈၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ အမှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူ မျိုးကိုကိုဦး(ခ)မျိုးကိုမှာ ၎င်းနေထိုင်သည့်ထန်းတ ပင်မြို့ နယ်၊ ရိုးလေးကွက်သစ်ရပ်ကွက်ရှိ နေအိမ် သို့ရောက်ရှိနေကြောင်းသတင်းအရ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၄ ရက်နေ့တွင် နံနက် ၉ နာရီအချိန်တွင် မျိုးကိုကိုဦး(ခ)မျိုးကို၊ (၂၁)နှစ် ကိုအမှုဖြင့်ဖမ်းဆီးခဲ့သည်။
၄င်းကိုဖမ်းဆီးရမိသူ မြင့်လွင် (ခ) ပိုးကောင်နှင့်အတူ အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ်နှင့် ယခုနှစ်အတွင်း လှိုင်သာယာ၊ အင်းစိန်၊ လှိုင်နှင့်မရမ်းကုန်းမြို့နယ်တို့တွင် ရှိုင်းထက်အောင်(ခ) အသေးလေး၊ ကျော်ဇင်ဦး (ခ)ပါကျဲ( စုံစမ်းဆဲ)၊ဖြူဖွေး (စုံစမ်းဆဲ) တို့နှင့် အတူ ဆိုင်ကယ်စီးနင်း လမ်း လျှောက်နေသူများထံမှ ရွှေဆွဲကြိုး ၅ ကုံးကိုအသီးသီးလုယက်ခဲ့ပြီး ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
ပေါ်ပေါက်ချက်များအရ ၄င်းတို့လုယူခဲ့သည့် ရွှေဆွဲကြိုးများကို သက်ဆိုင်ရာက ပြန်လည်းသိမ်း ဆည်းကာ အမှုဖြင့်တိမ်းရှောင်နေသူ ကျော်ဇင်ဦး(ခ)ပါကျဲ၊ ဖြူဖွေးတို့ (၃)ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရသည်။

















