မတ္တရာမြို့နယ်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ်ကို ပထွေးဖြစ်သူမှ သားမယားပြု ကျင့်ခဲ့ သည်ဆိုမှုကို သက်ဆိုင်ရာက ဇူလိုင် ၁၂ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ရန်နိုင်စိုး ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးသည် အုပ်စက်ရုံတွင် ရွှံလုံးနေစဉ် အသက် ၇ နှစ်အရွယ် သမီးငယ်နှင့် ၄င်း၏ နောက်အိမ်ထောင်ဖြစ်သူ ကိုသက်နိုင်ဦး(၂၇)နှစ် တို့ ရောက်ရှိလာပြီး "ကလေးက ၊ ယားလို့ကုတ်တာ မိန်းမကိုယ်က သွေးတွေထွက်နေတယ် " ဟု ပြောဆိုပြသ ခဲ့သဖြင့်အုပ်စက်စက်ခေါင်းဖြစ်သူထံ သမီးငယ်ဆေးကုရန် ဆေးဖိုးငွေ သွားတောင်းယူခဲ့သည်။
ငွေမရသဖြင့် သားအမိ နေအိမ်သို့သားအမိ နှစ်ဦးပြန်လာကြစဉ် သမီးဖြစ်သူကို အကျိုးအကြောင်း မေးမြန်းရာမှ သမီးဖြစ်သူက၊ ၎င်းကို ဦးသက်နိုင်ဦးမှအိပ်ယာထဲတွင် သားမယားအဖြစ် ပြုကျင့်သဖြင့် မိန်းမကိုယ်မှသွေးများထွက်ခဲ့လာသဖြင့် မိခင်ဖြစ်သူထံခေါ်လာခဲ့ခြင်းဖြစ်ကြောင်းပြောပြသိရှိရ၍ မတ္တရာမြို့မစခန်းသို့ဆက်လက်အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာက ကလေးငယ်ကို ရဲဆေးစာဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့ရာ မတ္တရာဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့လွှဲပြောင်းပေးခဲ့သောကြောင့် သမီးငယ်ကို မုဒိမ်းပြုကျင့်ခဲ့ သည်ဆိုသူ သက်နိုင်ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မတ္တရာမြို့မရဲတပ်ဖွဲ့စခန်းက (ပ) ၃၉၀/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ ဒုရဲမှူ းခင်ဝင်းဇော်က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















