စက်လှေတိမ်းမှောက်ကာ လူ ၃ ဦးသေဆုံး

စက်လှေတိမ်းမှောက်ကာ လူ ၃ ဦးသေဆုံး

စလင်းမြို့နယ်တွင် စက်လှတိမ်းမှောက်မှုဖြစ်ပွားကာ လူ ၃ ဦးနေရနစ်သေဆုံးခဲ့မှုကို ဆင်ဖြူကျွန်း နယ်မြေရဲစခန်း ဇူလိုင် ၁၂ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

ဇူလိုင် ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် စလင်းမြို့နယ် သူဌေးကုန်းကျေးရွာနေ ဦးအောင်ဆန်း(၆၀)နှစ် သည့် ဧရာဝတီမြစ်လယ်ကျွန်းပေါ်ရှိ ငွေသောင် ကျေးရွာသို့ ဝက်စာရှာသွား ရောက်ခဲ့ပြီးပြန်လာစဉ်ငွေသောင်ကျေးရွာအနီးမြစ်ကမ်းစပ်၌ သူဌေးကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ ကျောင်းတက်သွားမည့် ငွေသောင်ကျေးရွာနေ မလှလှမွန်(၁၂)နှစ်ပါ ကျောင်းသား/ကျောင်းသူ(၁၀)ဦးနှင့် လမ်းကြုံလိုက်ပါလာသူ ဒေါ်ခင်ညွန့်(၅၆)နှစ်တို့ကို တွေ့ရှိ၍ တင် ဆောင်ခဲ့သည်။

ထိုစဉ် ဧရာဝတီမြစ်အတွင်း အရောက် လှိုင်းပုတ်၍ စက်လှေတိမ်းမှောက်ခဲ့သဖြင့် အနီးရှိကျေး ရွာသားများက ဝိုင်းဝန်းဆယ်ယူရာ ဦးအောင်ဆန်း နှင့် ကျောင်းသား/ကျောင်းသူ(၈)ဦးကို ကယ် ဆယ်နိုင်ခဲ့ပြီး နံနက် ၁၁ နာရီခွဲ တွင် မလှလှမွန် ပါ မ(၃)ဦး၏ အလောင်းများကို ဆယ်ယူရရှိခဲ့ သောကြောင့် စက်လှေမောင်းသူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဆင်ဖြူကျွန်းနယ်မြေရဲစခန်း(ပ)၄၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၀ အရ အမှုဖွင့် အရေးယူထားသည်။