နောင်ချိုမြို့အဝင် အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အနီး စိတ်ကြွဆေးပြား ဘိန်းဖြူများဖမ်းဆီး ရမိခဲ့ ကြောင်း ဇူလိုင် ၁၃ ရက်နေ့က သက်ဆိုင်ရာမှ သိရသည်။
ဇူလိုင် ၁၂ နံနက် ၁၁ နာရီဝန်းကျင်တွင် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စု လားရှိုး (နောင်ချိ ု) လှုပ်ရှား တပ်ဆွယ်မှအဖွဲ့ဝင်များ စရဖ (နောင်ချိ ု) နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များသည် သက်သေများနှင့်အတူနောင်ချိ ုမြို့အဝင် အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အနီး မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျောက်မဲမြို့ဘက်မှ နောင်ချိ ုဘက်သို့. ကျိမ်ကြားနိမ့်(ခ) အောင်မြင့် မောင်းနှင်လာသည့် Super Custom ယာဉ်အား ရပ်တန်ရှာဖွေစစ်ဆေးသည်။
အဆိုပါယာဉ်အတွင်းမှ ဘိန်းဖြူ ဟုယူဆရသော ဆပ်ပြာခွက် ၄၄ ခွက် စုပေါင်းအလေးချိန် ၄၈၄ ဂရမ်နှင့် အပြာရောင်ပလတ်စတစ်ကပ်ခွာအိပ်ငယ်များအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၀ဝ ပြားစု ပေါင်းအလေးချိန် ၃၅၁ ဂရမ်ခန့်တို့အားသိမ်းဆည်းရမိသဖြင့် ကျိမ်ကြားနိမ့်(ခ) အောင်မြင့်ကို မူးယစ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။

















