ရာသီဥတုဒဏ်ကြောင့် မွန်ဂိုလီးယား နေထိုင်မှုဘဝ ခဲယဉ်းလာ

ရာသီဥတုဒဏ်ကြောင့် မွန်ဂိုလီးယား နေထိုင်မှုဘဝ ခဲယဉ်းလာ

နေထိုင်မှုဘဝပုံစံသည် ယခုအခါ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အစိုးရ၏ လျစ်လျူရှုမှုနှင့် မျက်မှောက်ခေတ်၏ မက်လုံး စသည့်အကြောင်းရင်းများ ဆုံစည်းဖန်တီးမှုကြောင့်ဖြစ်

အော်တန်ဘူလက် (မွန်ဂိုလီးယား) ” မွန်ဂိုလီးယားအလယ်ပိုင်း စတက်မြက်ခင်းဒေသတွင် ဆောင်းဥတုသည် အလွန်ပြင်းထန်ရာ အပူချိန်မှာ (”၅၀) ဒီဂရီ ဖာရင်ဟိုက်သို့ ကျဆင်းနေပြီး မြက်ခင်းများကို နှင်းများကထူထပ်စွာ ဖုံးလွှမ်းသည်။ ခြောက်သွေ့သော နွေရာသီကြောင့် အင်အားချည့်နဲ့နေခဲ့ကြသော သိုးနှင့်ဆိတ်ကောင်ရေ တစ်သန်းကျော် သေဆုံးကုန်ကြပြီး လှည့်လည်သွားလာ နေထိုင်သည့် လူမျိုးများ၏ အဖိုးတန်မြင်းများသည် တရားလွန် အအေးဒဏ်ကြောင့် ဆုံးကြရသည်။

ဂျင်ဂစ်ခန်နှင့် ၎င်း၏ မွန်ဂိုလူမျိုးတို့၏ ရှေးမွေးရပ်မြေဖြစ်သော အာရှအလယ်ပိုင်း စတက်မြက်ခင်းဒေသတွင်လှည့်လည်သွားလာနေထိုင်သူများအဖြစ် ဘဝကိုကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းပြီး ကြီးပြင်းလာခဲ့ကြသည်။

၎င်းတို့၏ နေထိုင်မှုဘဝပုံစံသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ယခုအခါ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

ထိုသို့ဖြစ်ရခြင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၊ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အစိုးရ၏ လျစ်လျူရှုမှုနှင့် မျက်မှောက်ခေတ်၏မက်လုံး စသည့်အကြောင်းရင်းများ ဆုံစည်းဖန်တီးမှုကြောင့်စ်သည်။

တိရစ္ဆာန်အုပ်ကို နေ့စဉ်ထိန်းကျောင်းသူ ထောင်ပေါင်းများစွာသည် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံကိုစွန့်လွှတ်၍ မွန်ဂိုလီးယားမြို့တော် အူလန်ဘေတာသို့ဦးတည်သွား နေကြသည်။ ထိုမြို့တော်တွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်ဖြင့် ပြည့်ကျပ်နေသည်။

လှည့်လည်သွားလာနေထိုင်သည့် လူနေမှုဘဝပုံစံယဉ်ကျေးမှုသည် မွန်ဂိုလူမျိုးတစ်ဦး ဖြစ်ရခြင်း၏အနှစ်သာရဖြစ် သည်။ သို့သော် ၎င်းသည် ဆိုဗီယက်ခေတ်ပုံစံ တစ်ပါတီစနစ် ကျင့်သုံးသောနိုင်ငံနှင့် အမိန့်ပေးခံစီးပွားရေးမှ ဖရိုဖရဲ ဒီမိုကရေစီနှင့် အချုပ်အချယ်ကင်းဈေးကွက်စီးပွားရေးသို့ လည်းကောင်း၊ လှည့်လည်သွားလာ နေထိုင်သည့် ယဉ်ကျေးမှုမှ အတည်တကျနေထိုင်သော ခေတ်မီ မြို့ပြလူနေမှုဘဝသို့လည်းကောင်းရုတ်တရက် ကူးပြောင်းလာသည့် နိုင်ငံဖြစ်နေသည်။

ရာသီဥတုပြောင်းလဲခြင်းသည် အဓိက တရားခံဖြစ်ပြီးကုန်းမြေမြင့် လုံးဝ၀ိုင်းရံထားခံရကာ သမုဒ္ဒရာစိုး ရာသီဥတုအခြေအနေအရ မျှတအောင် ဖန်တီးပေးသော အကျိုးဆက်များနှင့် ဝေးနေရသည့် မွန်ဂိုလီးယားနိုင်ငံသည် ကမ္ဘာ့ အခြားဒေသများထက် ပိုခံစားရသည်။ ခြောက်သွေ့သောနွေရာသီလွန်ပြီးနောက် ပြင်းထန်သော ဆောင်းဥတုလိုက်လာခြင်းသည် အန္တရာယ်အများဆုံး ဖြစ်ခဲ့ရသည်။

နွေရာသီ၌ နိုင်ငံအနှံ့ မြစ်များ၊ ရေအိုင်များနှင့် စမ်းရေတွင်းများ ရာပေါင်းများစွာ ခန်းခြောက်ကုန်ကြောင်းသဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကဆိုသည်။ ရေအရင်းအမြစ်များ ဆုတ်လာသောအခါ မွန်ဂိုလီးယားနိုင်ငံ၏လေးပုံသုံးပုံသည် တစ်စတစ်စနှင့် သဲကန္တာရဖြစ်လာပြီးလေးပုံတစ်ပုံသည် အဆိုးရွားဆုံး ထိခိုက်ကြောင်း Climate Change and Development Academy ဦးဆောင်ညွှန်ကြားရေးမ·း ဒမ်ဒင် ဒက်ဗာဒေါ့ဂျ်က ဆိုသည်။

မွန်ဂိုလီးယားသည် ဆိုဗီယက်အစိုးရ၏ သြဇာခံနိုင်ငံဖြစ်စဉ်က လှည့်လည်သွားလာ နေထိုင်သည့် လူနေမှုစနစ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တိရစ္ဆာန်များကိုစုပေါင်းပိုင်ဆိုင်မှုအောက်တွင်ထား၍ အရေအတွက်ကန့်သတ်ထားသည်။ တိရစ္ဆာန်ဆေးကုရေး ဝန်ဆောင်မှု၊ဆောင်းတွင်း တိရစ္ဆာန် အစားအစာနှင့် အာမခံသည့်ဈေးကွက်တစ်ခုတို့ကို အစိုးရက ထောက်ပံ့ခဲ့သည်။

၁၉၉၀ ပြည့်နှစ်၌ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း မွန်ဂိုလီးယားသည် တစ်ပါတီစနစ်မှဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်။ သုံးနှစ်ကြာပြီးနောက် တိရစ္ဆာန်အုပ်စုများကို ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်လာပြီး တစ်ဦးချင်းပိုင်ဆိုင်သည့် တိရစ္ဆာန်ကောင်ရေမှာများပြားလာသည်။ ယခင်က သတ်မှတ်ထားသည့် အရေအတွက်ထက်သုံးဆဖြစ်လာသဖြင့် စာကျက်မြေ၏ အရည်အသွေးလည်း ပျက်စီးသွားသည်။ အစိုးရ၏ ယခင်ကအထောက်အပံ့လည်း ပျောက်ကွယ်သွားခဲ့သည်။

မွန်ဂိုလီးယားအစိုးရသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တိရစ္ဆာန် ဆေးကုသမှုတို့ကို ဝေးလံသော တိရစ္ဆာန် ထိန်းကျောင်းသူများ နေထိုင်သည့်အရပ်သို့မတိုးချဲ့နိုင်ခဲ့ပေ။

တိရစ္ဆာန် ထိန်းကျောင်းရေးသည် စီးပွားရေးအရတွက်ခြေမကိုက်လှပေ။ ခြံကျယ်စနစ်ဖြင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းကို အချမ်းသာဆုံး ပိုင်ရှင်၂၀ ရာခိုင်နှုန်းက ထိန်းချုပ်ထားပြီး ၎င်းတို့ထဲမှ မြို့နေအထက်လွှာများက ၎င်းတို့၏ တိရစ္ဆာန်အုပ်စုများကိုလုပ်ခပေး၍ စောင့်ရှောက်ခိုင်းသည်။ မွန်ဂိုလူမျိုး မိသားစု၂၀ဝ,ဝ၀ဝ ကျော်က တိရစ္ဆာန်ထိန်းကျောင်းသည့် အလုပ်အပေါ်မှီခိုကြသည်။ ဆိုလာပြား၊ စမတ်ဖုန်းနှင့် တီဗီများရှိကြသော်လည်း ၎င်းတို့နေထိုင်မှုဘဝမှာ ခဲယဉ်းကြမ်းတမ်း နေကြသေးသည်။

ဆောင်းတွင်း၌ အအေးဒဏ်ကို ကာကွယ်ရန်ကျောက်မီးသွေးလောင်စာကို သုံးစွဲသဖြင့် မွန်ဂိုလီးယားနိုင်ငံ မြို့တော်သည် ကမ္ဘာပေါ် တွင် လေထုအညစ်ညမ်းဆုံးအခြေအနေ ရောက်ရှိပြီး အသက်ရှူခြင်းဆိုင်ရာ ရောဂါများ ဆယ်စုနှစ်တစ်ခုအတွင်း သုံးဆနီးပါး တိုးလာကြောင်းသိရသည်။