နမ့်ဆန်မြို့ နမ့်ခေးရွာအနီး မိုင်းပါက်ကွဲ သုံးဦးဒဏ်ရာပြင်းထန်စွာရ
ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့ နမ့်ခေးရွာနီးဇယန်း မြောက်လမ်းဘေးတွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ မျက်စိတစ်ဖက်ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးမှာသွေးထွက်လွန် (စိုးရိမ်ရ)ဖြင့် မန္တလေးဆေးရုံကြီးသို့ ဂရုဏာရှင်လူမှုကူညီရေးအသင်း (နမ့်ဆန်)မှ ပို့ဆောင်ကူညီပေးခဲ့ကြောင်းကနဦးသိရသည်။

















