မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရေမြောင်းတူးသွားရာက်ရာမှအချိန်ကြာ မြင့်သည့် အထိပြန် လည် ရောက်ရှိမလာသဖြင့်လိုက်လံရှာဖွေစဉ် သေဆုံးလျက်တွေ့ရှိခဲ့မှု ဇူလိုင် ၁၅ ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှသိရသည်။
ပေါင်မြို့ဥတ္တံတားအတွင်းရွာနေသူ ကို အုန်းခိုင်မှာ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းမှ မိုးနှိုင်းရပ် ကွက်စွယ်တော်ဘုရားအရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ကြိုးဝိုင်းအတွင်း ခြံထဲသို့ မြောင်း တူးရန် ထွက်သွားခဲ့သည့် အစ်ကိုဖြစ်သူ အုန်းမြင့်(ခ)ထော်ဖရွန်း (၄၆ နှစ်)မှာ ဇူလိုင် ၁၅ ရက် နေ့ အထိ နေအိမ်သို့ပြန်ရောက်လာခြင်းမရှိသဖြင့် အဆိုပါ ကြိုးဝိုင်းအတွင်းရှိခြံအတွင်းသို့ လိုက်လံရှာဖွေခဲ့သည်။
ထို့သို့ရှာဖွေရာ နံနက် ၉ နာရီ ခွဲအချိန်ခန့်တွင် အစ်ကိုဖြစ်သူ အုန်းမြင့်ကို ကျောက်တုံးကြီး ၂ တုံးကြား ညှပ်နေသည့် အနေအထားဖြင့်ပုတ်ပွသေဆုံးနေသည်ကိုတွေ့ရသဖြင့် မိုးနှိုင်းရပ်ကွက်အုပ်ချုပ် ရေးမှုးမှ တစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ပေါင်မြို့မရဲစခန်းတပ်ဖွဲ့ဝင်များနှင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ အလောင်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပေါင်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သေဆုံးမှုနှင့်ပတ်သက်၍ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၄/၁၈ အမှုဖွင့်စစ်ဆေးလျက်ရှိကြောငး်သိရသည်။

















