ဂါဇာဒေသမှ ဟားမတ်စ်စစ်သွေးြွကများက ဒုံးကျည်အစင်း ၉၀ ကျော်ဖြင့် အစ္စရေး နိုင်ငံတွင်း ပစ်ခတ်ခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်၌ အစ္စရေးတို့က ၂၀၁၄ စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြင့် တုံ့ပြန်စစ်ဆင်ခဲ့သည်။ဇူလိုင် ၁၄ ရက်နှောင်းပိုင်းတွင် အီဂျစ်၏ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲရန်သဘောတူ ကြောင်း ဟားမတ်စ်နှင့် အစ္စလာမ္မစ်ဂျီ ဟတ်စစ် သွေးြွကများက ကြေညာခဲ့သည်။ သို့သော် ဇူလိုင် ၁၅ ရက် နံနက်စောစော၌ အစ္စရေး တောင်ပိုင်းတွင် အချက်ပေးသံများ ပေါ်ထွက် လာပြီး ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ သည်။
သတိပေး
ဒုံးကျည်များပေါက်ကွဲမှုကြောင့် အစ္စရေး သုံးဦးဒဏ်ရာရရှိခဲ့ပြီး ဂါဇာတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက်နှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးက စစ်သွေးြွကများ ကိုသာ ပစ်မှတ်ထားကြောင်း၊ ဂါဇာအရပ်သား များကို ပစ်မှတ်မှဝေးရာရှောင်ရန် သတိပေးထား ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း လေကြောင်းမှ အပြင်းထန်ဆုံး စစ်ဆင်ခဲ့ကြောင်း၊ လိုအပ်သလို ဆက်လက်တိုးမြှင့် တိုက်ခိုက်သွား မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောဆိုခဲ့သည်။
တိုက်ခိုက်
အစ္စရေးတို့က သုံးရက်မြောက်အဖြစ် တူးမြောင်းများ၊ ထောက်ပံ့ရေးဌာနများနှင့် ဟားမတ်စ်တပ်ရင်းဌာနချုပ်များ အပါအဝင် ဟားမတ်စ်ပစ်မှတ် ၄၀ ကို တိုက်ခိုက်ခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး ယောနသန် ကွန်ရီကပ်စ်က ပြောဆိုခဲ့သည်။
တင်းမာ
လွန်ခဲ့သည့်လများအတွင်း ဂါဇာနယ်စပ် တစ်လျှောက်တွင် ထောင်ချီသောပါလက်စတိုင်း များက အစ္စရေးနှင့်အီဂျစ်တို့ ပိတ်ဆို့ထားသည့် ပါလက်စတိုင်းဒုက္ခသည်များ၏ဇာတိသို့ ပြန် လည်ဝင်ရောက်ခွင့်ပြုရေး တောင်းဆိုခဲ့ကြရာမှ တင်းမာမှုများ မြင့်တက်ခဲ့သည်။ စစ်သွေးြွကများ မဝင်ရောက်နိုင်ရန် ပိတ်ဆို့မှုလိုအပ်ကြောင်း အစ္စရေးနှင့်အီဂျစ်တို့က အကြောင်းပြခဲ့ကြ သည်။
သေဆုံး
ဆန္ဒပြမှုများကို အစ္စရေးလုံခြုံရေးတပ် များက ပစ်ခတ်နှိမ်နင်းခဲ့၍ ပါလက်စတိုင်း ၁၃၀ ကျော်သေဆုံးပြီး ၁၅၀ဝ၀ ဒဏ်ရာရရှိခဲ့ ကြောင်း ဂါဇာကျန်းမာရေးဌာနာက ထုတ်ပြန် ထားသည်။

















