စိတ်ကျန်းမာရေးမကောင်းသူ ရထားကြိတ်မိသေဆုံး

စိတ်ကျန်းမာရေးမကောင်းသူ ရထားကြိတ်မိသေဆုံး

သထုံမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ ရထားကြိတ်မိသေဆုံးခဲ့မှု ဇူလိုင် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် သထုံ ကော့သန်ကျေးရွာအနီး ရထားလမ်းမိုင်တိုင် (၁၃၈/၁၃ နှင့် ၁၄ )အကြားတွင် လူတစ်ဦး ရထားကြိတ်မိသေဆုံးကြောင်းသတင်းအရ သထုံမြို့မ ရဲစခန်း မှူး ဒုရဲမှူးမောင်မောင်နှင့်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဘင်လှိုင်ရပ်ကွက် ကိုးနဝင်းရပ်နေ မောင်မောင် ၂၅ နှစ်ဖြစ်ပြီး စိတ်ဝေ ဒနာ ရှင်တစ်ဦးဖြစ်ကြောင်းသိရပြီး ရထားကြိတ်ခံရသသောကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းမျ ားပြတ် ထွက်သေဆုံးနေသည်ကို သက်ဆိုင်ရာကစစ်ဆေးတွေ့ရှိသဖြင့် အလောင်းကို သထုံခရိုင်ဆေးရုံကြီး သို့ပို့ အပ်ခဲ့သည်။

သေဆုံးမှုနှင့်ပတ်သက်၍ သထုံမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၁၀/၁၈)ဖွင့်လှစ်အရေးယူထား သည်။