လိင်ကိစ္စများကိုသာ တစ်ချိန်လုံး စဉ်းစား ကြံဆပြီး လိင်အပျော်အပါးလိုက်စားရန် ကြိုး ပမ်းနေသည့် အလွန်အမင်း လိင်စိတ်ရှိနေသည့် အပြုအမူကို စိတ်ပိုင်းဆိုင်ရာ စံလွဲမှုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတ်မှတ် လိုက်ပြီဖြစ်သည်။
သို့သော် လိင်စွဲလမ်းလွန်ခြင်းဆိုသည့် စကားလုံးပေါ်ပေါက်နေသည်မှာ ဆယ်စုနှစ် များစွာရှိနေပြီဖြစ်သော်လည်း ကျွမ်းကျင်သူ များသည် ယင်းလိင်စိတ်ပေါ်ပေါက်သည့်အခြေ အနေများနှင့်ပတ်သက်၍ အယူအဆကွဲပြား နေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရောဂါများနှင့် ဒဏ်ရာများစာရင်း နောက်ဆုံးဖော်ပြမှုတွင် WHO က အလွန်အမင်း လိင်စွဲလမ်းသည့် စံလွဲအပြုအမူ(စီအက်စ်ဘီဒီ)သည် စိတ်ကျန်းမာ ရေးမကောင်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် WHO သည် လိင်စွဲလမ်းလွန်ခြင်း ကို လောင်းကစား၊ မူးယစ်ဆေးစွဲမှုများနှင့် တန်းတူသတ်မှတ်ခြင်းမရှိသေးချေ။ လိင်စွဲလမ်း လွန်ခြင်းကို အရက်နှင့်မူးယစ်ဆေးစွဲခြင်းတို့နှင့် တန်းတူသတ်မှတ်ရန် လေ့လာမှုများစွာ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း WHO မှ ကျွမ်း ကျင်သူ ဂျက်ဖရီရိဒ်က ပြောဆိုခဲ့သည်။ စီအက်စ်ဘီဒီသည် ပြင်းပြင်းထန်ထန်နှင့် အကြိမ်ကြိမ် လိင်စိတြွ်ကခြင်းကို ထိန်းချုပ်နိုင် ခြင်းမရှိသော အခြေအနေဖြစ်ပြီး အကျိုးဆက် အဖြစ် ဝမ်းနည်းမှု၊ စိတ်ပျက်မှုတို့ဖြစ်လာလေ့ ရှိကြောင်း WHO ၏ နိုင်ငံတကာရောဂါသတ် မှတ်မှု (အိုင်စီဒီ)တွင်ဖော်ပြထားသည်။ အိုင်စီ ဒီတွင်ပါဝင်ခြင်းကို အခြေခံပြီး ကုသနည်းစနစ် သတ်မှတ်ခြင်းနှင့် ကျန်းမာရေးအာမခံမှုတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။
လိင်စိတ်ကို မထိန်းချုပ်နိုင်သူ များစွာရှိနေ ပြီး ယင်းလိင်စိတ်ကြောင့် အလုပ်အကိုင်ဆုံး ရှုံးခြင်း၊ မိသားစုဘဝများပြိုလဲခြင်း အစရှိသည့် ဆိုးကျိုးများရှိနေကြောင်း ရိဒ်ကပြောဆိုခဲ့သည်။ အိုင်စီဒီအဆင့်သတ်မှတ်ချက်ကြောင့် လိင်စွဲလမ်း လွန်ခြင်းအပေါ် သုတေသနပြုမှုများ ပိုမိုရှိလာ ပြီး ရောဂါခံစားနေရသူဦးရေကို တွက်ချက်မှုများလည်းရှိလာနိုင်ကြောင်း ၎င်းကပြောဆိုခဲ့ သည်။
















