ထိုင်းမြောက်ပိုင်းရှိ ထမ့်လွမ်ဂူတွင်းမှ ကယ်ထုတ်ခဲ့သူ ၁၃ ဦးအနက် တောဝက်ဘော လုံးအသင်းဝင် ကျောင်းသားငယ် သုံးဦးနှင့် ဘောလုံးနည်းပြလူငယ်တို့အား ထိုင်းနိုင်ငံသား ဖြစ်ရေး အထူးဆောင်ရွက်ပေးမှုမရှိဟု မယ် ဆိုင်အာဏာပိုင်များက ပြောဆိုကြောင်း ထိုင်း ပီဘီအက်စ်သတင်းက ဖော်ပြခဲ့သည်။
နိုင်ငံမဲ့များ နိုင်ငံသားဖြစ်မြောက်ရေး လုပ်ငန်းစဉ်အရ ဘောလုံးနည်းပြ အသက် ၂၅ နှစ်ရွယ် အာကာပိုလ် ချန်တာဝေါင်နှင့် ကျောင်းသားငယ်များဖြစ်သည့် ၁၆ နှစ်ရွယ် ပွန်ချိုင်း ကမ်လောင်၊ ၁၄ နှစ်ရွယ် အဒဲလ်ဆမ် အွန်၊ ၁၃ နှစ်ရွယ် မွန်ကိုလ်ဘွန်ပီယမ်တို့၏ မွေးစာရင်း ထောက်ခံချက်များကို မယ်ဆိုင် ခရိုင် အာဏာပိုင်တို့က ရှာဖွေခဲ့ကြသည်။
တောဝက်ဘောလုံးအသင်းတွင် အသင်း ဝင် ၆၀ ခန့်ရှိသည့်အနက် နိုင်ငံမဲ့ကလေး အများ အပြားပါဝင်ကြောင်း မယ်ဆိုင်ခရိုင် အရာရှိချုပ် ဆွမ်ဆက်ခါနာခမ်က ပြောဆို သည်။ ၎င်းဘောလုံးအသင်းသည် လွန်ခဲ့သည့် နှစ်လခန့်က ချင်းရိုင် ဘောလုံးပြိုင်ပွဲတစ်ပွဲ တွင် အနိုင်ရရှိခဲ့ပြီးကတည်းက နိုင်ငံမဲ့အသင်း သား ၁၀ ဦးသည် ထိုင်းနိုင်ငံသားဖြစ်မြောက် ရေး တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းတို့ အားလုံးသည် ထိုင်းနိုင်ငံတွင် မွေးဖွားသူများ ဖြစ်သည့်အားလျော်စွာ နိုင်ငံသားလျှောက် လွှာပုံစံများပေးအပ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။
အာမခံနိုင်
ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေအရ ဆေးရုံ တွင် မွေးဖွားသည့် မွေးစာရင်းတင်ပြပါက ခရိုင်အရာရှိက နိုင်ငံသားပြုခွင့်ပေးအပ်နိုင် ကြောင်း၊ မွေးစာရင်းမတင်ပြနိုင်ပါကလည်း ဝမ်းဆွဲသည်၊ အိမ်နီးချင်း သို့မဟုတ် ရွာသူ ကြီးက ကလေးငယ်သည် ထိုင်းနိုင်ငံတွင်း မွေးဖွားခဲ့ကြောင်း အာမခံနိုင်သည်ဟုဆိုသည်။
လိုအပ်
ထမ့်လွမ်ဂူတွင်းမှ ကယ်ဆယ်ခဲ့သူများ အနက် ယင်းနိုင်ငံမဲ့ဖြစ်နေသူလေးဦးတို့သည် ထိုင်းနိုင်ငံသားဖြစ်မြောက်ရေး စာရွက်စာတမ်း များမပြည့်စုံသေးဘဲ မွေးဖွားရာနေရာများ အတိအကျဖော်ပြရန်နှင့် ၎င်းတို့၏မိဘရင်း ချာက ၎င်းတိုနိုင်ငံသားဖြစ်ခွင့်အတွက် လျှောက် ထားရန်လိုအပ်ကြောင်း ခရိုင်အရာရှိက ပြော ဆိုခဲ့သည်။ ၎င်းတို့လေးဦး ထိုင်းနိုင်ငံသား ဖြစ်မြောက်ရေး ကနဦးစစ်ဆေးမှုများတွင် ပြဿနာမရှိကြောင်းလည်း ပြောဆိုသည်။
၁၈ နှစ်အောက်လူငယ်များအတွက် ခရိုင်အရာရှိက နိုင်ငံသားဖြစ်ခွင့်ပေးနိုင်ပြီး ၁၈ နှစ်အထက်အတွက်မူ ပြည်နယ်အဆင့် အာဏာပိုင်ကသာ နိုင်ငံသားပြုခွင့်ပေးနိုင် သည်။ ယခု နိုင်ငံသားဖြစ်မြောက်ရေးစိစစ်မှု သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း၊ နိုင်ငံမဲ့ကလေး ၃၅၀ဝ ခန့် ထိုင်းနိုင်ငံသား ဖြစ်မြောက်ရေးအတွက် စောင့်ဆိုင်းနေကြောင်း သတင်း၌ ဖော်ပြပါရှိခဲ့သည်။
















