ဝိုင်ဘီအက်စ် ၆ ခရီးသည်တင်ယာဉ်ပေါ်တွင် သေဆုံးပါရှိလာသူ အမျိုးသားနှင့်ပတ်သက်၍ စုံစမ်း
ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးပေါ် မြောက်မှတောင်သို့ မောင်းနှင်လာသော ဝိုင်ဘီအက်စ် ၆ ခရီးသည်တင်ယာဉ်နောက်ဆုံးတန်းခုံပေါ်တွင် လူတစ်ဦးသေဆုံးပါလာကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ ခရီးသည် အမျိုသားမှာ အသက် ၄၅ နှစ်အရွယ်ခန့် အမည်မသိ(စုံစမ်းဆဲ)ဖြစ်ပြီး လှိုင်သာယာမှ လိုက်ပါလာစဉ် ယာဉ်ပေါ်တွင် သေဆုံးပါရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ မိတ်ဆွေကောင်းနာရေးကူညီမှု အသင်းမှ ပို့ဆောင်ခဲ့ရာ ဆေးရုံက ပီအာရ် ၈၀ ဖြင့် လက်ခံခဲ့သည်။
သေဆုံးသူနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် သက်ဆိုင်ရာက အသိပေးဖော်ပြထားသည်။

















