ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားတွင် ဘိန်းဖြူများ အတွင်းခံဘောင်းဘီအတွင်း ထည့်သွင်း သယ်ဆောင်သူကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတား စစ်ဆေးရေး ဂိတ်တွင် အိန္ဒိယနိုင်ငံဖက်သို့ ဖြတ်ကူး သွား ရောက် ရန် ရောက်ရှိလာသူ အိန္ဒိယနိုင်ငံ၊ ကြမ်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ကျေးရွာနေ မောင်ထလျန်ဖိုင်း၊ အသက်(၂၈)နှစ် နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ ချီးငှါးရပ် ကွက်နေ မောင်လား လ်ရမ်းရွတ်သာ၊ အသက်(၂၆)နှစ်နှင့် မဇိုးလောမ်မီး(ခ)မားအော်မီး၊ အသက် (၄၂)နှစ်တို့ကို မူးယစ် ဆေးဝါးသယ်ယူလာကြောင်းသတင်းအရ တံတားစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ သည်။
မောင်လားလ်ရမ်းရွတ်သာနှင့် မဇိုးလောမ်မီး(ခ)မားအော်မီးတို့နှစ်ဦးထံမှ မူးယစ်ဆေးဝါး နှင့်ပတ်သက် သည့် ပစ္စည်း တစ်စုံ တစ်ရာမျှ မတွေ့ရှိပါသော်လည်း မောင်ထလျန်ဖိုင်း ဝတ်ဆင်ထားသော CHISEN စာတမ်းပါ ဖြူနီနက်ကြား အတွင်းခံဘောင်းဘီအတွင်းမှ Love is Flower တံဆိပ်ပါ အနီ ရောင်ဆပ်ပြာ ခွက်အတွင်း အဖြူရောင်ပလပ်စတစ်ဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် (၁၀)ဂရမ်ခန့်စီပါသော ဆပ်ပြာခွက်နှစ်ခွက်၊ ခန့်မှန်းကာလတန်ဖိုး (၁၈)သိန်းကျပ်ခန့်ကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ၎င်းပစ္စည်းများကို မောင်လားလ်ရမ်းရွတ်သာနှင့် မဇိုးလောမ်မီး (ခ)မားအော်မီးတို့မှ သယ် ဆောင်ခိုင်းသော ပစ္စည်းများဖြစ်ကြောင်းပြောပြသိရသဖြင့် ၄င်းတို့ (၃)ဦးကို ဥပဒေအရ အရေးယူပေးပါရန်တိုင်ကြားခဲ့သည်။
ရိခေါဒါရ်မြို့ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဇော်ကျော်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ မယ(ပ) ၂ / ၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က) / ၂၀ (ခ)အရ အမှုဖွင့်လှစ် အရေးယူထား သည်။

















