ကော့သောင်းမြို့ ငါးသုံးလုံးတောင် တောစပ်အနီး ထိုးသွင်းဒဏ်ရာများစွာဖြင့် လူသေ အလောင်းတွေ့ရှိခဲ့မှု ကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ဇူလိုင် ၁၇ ရက်နေ့က သိရသည်။
ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ ဦးထွန်း ထွန်းဦးမှ သက်ဆိုင်ရာသို့တိုင်ကြားရာတွင် ဇူလိုင် ၁၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က တူဖြစ် သူမှာ ၄င်းပိုင် ဝေ့ဖ်ဆိုင်ကယ်ကို ငွေကျပ် ၁၀ဝ၀ဝ ဖြင့် ငှားရမ်းသွားခဲ့ပြီး လာရောက်ငှားရမ်းစဉ် အမည်မသိ အမျိုးသားတစ်ဦးပါရှိကြောင်း နောက်တစ်နေ့တွင် တူဖြစ်သူပြန်မလာ သဖြင့်လိုက်လံရှာ ဖွေရာ ပိတောက်ရွှေဝါရပ်ကွက်ငါးသုံးလုံးတောင်တောစပ် အနီးချုံတောအတွင်း တူဖြစ်သူ စိုးမိုးအောင်( ၂၈ နှစ်)မှာ ခန္ဒာကိုယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်သေ ဆုံးနေကြောင်းတွေ့ရသဖြင့် သက်ဆိ်ုင်ရာသို့ တိုင်ကြားခဲ့သည်။
ကော့သောင်းနယ်မြေရဲစခန်းက အလောင်းတွေ့ရှိသည့် ငါးသုံးလုံးတောင်တောစပ်သို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တောစပ်ရှိကျောက်စားပွဲနှင့်ပေ ၄၀ ခန့်အကွာ လည်ပင်းယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ရင်ညွန့်တွင်ထိုးသွင်းဒဏ်ရာ(၁၆)ချက်၊ယာဘက်နံဘေးထိုး သွင်းဒဏ်ရာ(၄)ချက်၊ဝဲဘက်နံ ဘေးထိုးသွင်းဏ်ရာ(၂)ချက်၊ယာဘက်လက်ဖျံထိုးသွင်းဒဏ်ရာ(၂)ချက်၊ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာ(၂)ချက်စုစုပေါင်းထိုးသွင်းဒဏ်ရာ(၂၇)ချက်ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကော့သောင်းရဲစခန်းက (ပ)၁၂၇၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် စုံစမ်းလျက်ရှိသည်။
















