ဘုန်းကြီးတစ်ပါး ရွာချောင်းကူးသစ်သားတံတားတွင် ဆွဲကြိုးချသေဆုံး

ဘုန်းကြီးတစ်ပါး ရွာချောင်းကူးသစ်သားတံတားတွင် ဆွဲကြိုးချသေဆုံး

တိုက်ကြီးမြို့နယ် ရွာချောင်းကူးသစ်သားတံတားတွင် ဘုန်းကြီးတစ်ပါး ဆွဲကြိုးချသေဆုံးခဲ့မှု ယနေ့ (ဇူလိုင် ၁၇ ရက်နေ့ )က ဖြစ်ပွားခဲ့သည်။ 

ယနေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် တိုက်ကြီးမြို့နယ် အေးရွာကျေးရွာသို့ သွားသော လမ်းတံ တားတွင် ဘုန်းကြီးတစ်ပါး ဆွဲကြိုးချသေဆုံးနေကြောင်းသတင်းအရ အဖျောက်နယ်မြေ ရဲစခန်းမှူး ဒုရဲအုပ်သန်းကျော်ဇော နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာပိတုန်းပိတ်တိုက်ကျောင်းတွင် သီတင်းသုံးနေထိုင်သူ  ဝါတော်-(၇)ဝါ သက် တော်(၅၃)နှစ် ဖြစ်ပြီး ၎င်းမှာ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာသွားလမ်း ချောင်းကူးသစ်သား တံတား အမြင့်(၁၂)ပေ ခန့်ရှိ သစ်သားတံတားထိုင်ခုံကျောမှီလက်ရန်းတွင် အရှည်(၈)ပေခန့်ရှိ (၁) မတ်လုံးပလပ်စတစ်ပီနံကြိုးကို အသုံးပြုကာ ဆွဲကြိုးချသေဆုံးနေခြင်းဖြစ်သည်။ 
သေဆုံးသူဘုန်းကြီးမှာ တီဗီရောဂါ၊ ဆီးချိုရောဂါဝေဒနာကို ကာလကြာရှည်စွာခံစားနေရပြီး  စိတ်ကျဝေဒနာခံစားကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းကို အဖျောက် တိုက်နယ်ဆေးရုံသို့ပို့ဆောင်ရာ ပီအာရ်  ၃ ဖြင့် လက်ခံထားပြီး အဖျောက် နယ်မြေရဲစခန်း မှ သေမှုသေခင်းအမှတ်စဉ် ၂/၁၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။