အကောက်ခွန်ဦးစီးဌာနမှညွန်ကြားရေးမှူးအပါအဝင် အရာထမ်း/အမှုထမ်း (၁၂)ဦးကို ဇူလိုင် ၁၆ ရက်နေ့ တွင် အမှုဖွင့်လှစ်ခဲ့ပြီး ကျောက်တန်းမြို့နယ် တရားရုံး တွင် ဇူလိုင် ၁၆ ရက်နေ့က ချုပ်ရမန်ရ ယူခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ကစစ်ဆေးပေါ်ပေါက်ချက်များအရကျောက်တန်းမြို့နယ်၊ သီလဝါရှိ MIPL ဆိပ်ကမ်းသို့ ဂျပန်နိုင်ငံ မှတင်သွင်း လာသည့် DeliveryVan မော်တော်ယာဉ်များ အပေါ်ငွေကြေးပေး ထုတ်ယူခြင်းနှင့်ပတ်သက်၍ ၄င်းတို့ကို သီလဝါနယ်မြေရဲစခန်း (ပ)၂၉/၁၈၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃၊ (ပ)၃၀/၁၈၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၆/၆၃ တို့ အရ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုဖွင့်တိုင်ကြားမှုတွင်အကောက်ခွန်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ဦးဝင်းလှိုင်နှင့် ဦးကျော်ညွန့်အောင်၊ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်၊ ဒေါ်နန်းသဉ္ဇာ၊ဦးဗိုလ်ဗိုလ်၊အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒု-လက်ထောက် အကောက် ခွန်မှူး ဦးသိန်းဝင်း-၇တို့ကိုအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်ကြားစာနှင့်ပတ်သက်၍ ဆေးပေါ်ပေါက်ချက်အရ Delivery Van များ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများကအခကြေးငွေအဖြစ် ကျပ် ၄ သိန်းမှ ကျပ် ၂၄ သိန်းအထိ အဆင့်ဆင့် လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း နှင့် ညွှန်ကြားရေးမှူး များမှလည်းကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များထုတ် ယူနိုင်ရန်ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများက အဂတိလိုက်စားမှုဖြစ်စဉ်များအပေါ် ပူးပေါင်း ကြံစည်အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
















