ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ တောင်းယာတဲအတွင်း ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများဖမ်း ဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၆ ရက်နေ့က မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။
ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် မိုးမောက်မြို့နယ်၊မိုင်းခတ်ကျေးရွာအရှေ့ဘက်(၁)မိုင် ခန့်အကွာရှိ မာရော် ဆိုသူ၏ တောင်ယာတဲသို့ မိုင်းခတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမြင့်အောင်အဖွဲ့ က မူးယစ်သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။
၄င်းတဲအတွင်း မာရော်(၄၀)နှစ်၊ နော်ဆိုင်း(၂၃)နှစ်၊ ညီညီသိန်း(၃၆)နှစ် ၊ဝင်းသိန်း(၄၄)နှစ်တို့ကို အသင့်တွေ့ရပြီး မာရော်၏ အိပ်ယာ ဘေးရှိ ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန်(ဝ ဒသမ၃၂)ဂရမ်၊ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား(၅၀)ပြား၊ နော်ဆိုင်း၏အိပ်ယာဘေးရှိ ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန်(ဝ ဒသမ ဝ၂)ဂရမ်၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅၂၅) ပြား၊ ညီညီသိန်း ၏ အိပ်ယာဘေးရှိ ခါးပတ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန်(ဝ ဒသမ ၃)ဂရမ်၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃)ပြား၊ ဝင်းသိန်း၏အိပ်ယာအောက်မှဘိန်းဖြူမှုန့်အလေးချိန်(ဝ ဒသမ ဝ၁)ဂရမ်တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ၎င်းတို့လေးဦးအိပ်သည့်တဲအောက်မြေကြီးအတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန်(၄ ဒသမ ၃၀) ဂရမ်ပါ(၁)ဘူး၊ဘိန်းဖြူမှုန့်အလေးချိန်(၄ ဒသမ၈၀)ပါ(၁)ဘူး၊ တဲအနောက်ဘက် ကျောက်ဆောင်အောက်၌ ဝှက်ထားသည့် ဘိန်းဖြူမှုန့်အလေးချိန်(၁၂၀)ဂရမ်ပါ ဆပ်ပြာခွက်(၁၂)ခွက်ကိုဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မြို့သစ်နယ်မြေရဲစခန်းက မယ (ပ)၁၁/၁၈ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူခဲ့သည်။

















