ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းသည့် ထမ့်လွမ် ဂူတွင်း ဇွန် ၂၃ ရက်၌ စတင်ပိတ်မိနေခဲ့ပြီး ၁၈ ရက်အကြာတွင် ကယ်ထုတ်ခံရခဲ့ကာ ဆေးရုံတက်ခဲ့ရသည့် တောဝက်ဘောလုံး အသင်းဝင် ကျောင်းသားငယ် ၁၂ ဦးနှင့် ၎င်း တို့၏နည်းပြသည် ဇူလိုင် ၁၈ ရက် ညနေတွင် ဆေးရုံဆင်း၍ မီဒီယာများနှင့်တွေ့ဆုံပြီးနောက် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။
ချင်းရိုင်ရှိ ပရာချာနုခွန်ဆေးရုံတွင် တက် ရောက်ခဲ့သော ၎င်းတို့ ၁၃ ဦးကို ထိုင်းအာဏာ ပိုင်များက အထူးယာဉ်တန်းဖြင့်ခေါ်ဆောင်ကာ ခေါက်ချာဆရန်ခန်းမတွင် နိုင်ငံတကာမီဒီယာ များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြုခဲ့သည်။
လျော့ကျခဲ့
ကျောင်းသားငယ်များသည် ခန်းမအတွင်း အသင့်ပြုလုပ်ထားသည် မီနီဘောလုံးကွင်း တွင် ၎င်းတို့၏ဘောလုံးစွမ်းရည်များ သရုပ် ပြသခဲ့ကြပြီးနောက် အခြားအသင်းဝင်များ၊ သူငယ်ချင်းများနှင့်ပွေ့ဖက်နှုတ်ဆက်ပြီး နေရာ ယူခဲ့ကြသည်။ ၎င်းတို့အား ပြုစုစောင့်ရှောက် ခဲ့သည့်ဆရာဝန်များက ကျောင်းသားငယ်များ သည် လွန်ခဲ့သည့်အပတ် ဂူတွင်းမှကယ်ဆယ် ခဲ့စဉ်ထက် ကိုယ်အလေးချိန် ပျမ်းမျှ ၃ ကီလို ဂရမ်(၆ ဒသမ ၆ ပေါင်)တိုးလာပြီး ကျန်းမာပျော် ရွှင်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။ ဂူတွင်း၌ နှစ်ပတ်ကျော်ကြာပိတ်မိခဲ့စဉ် ကိုယ်အလေးချိန် ပျမ်းမျှ ၄ ကီလိုဂရမ်(၉ ပေါင်)ခန့်လျော့ကျ ခဲ့ကြောင်းလည်း ပြောသည်။
ထိုင်းအာဏာပိုင်များသည် မီဒီယာများ၏မေးမြန်းချက်များကို ကျောင်းသားငယ်များအား စိတ်ဖိစီးမှုမရှိရန် သေချာသည့်မေးခွန်းများကို သာ သုံးသပ်ဖြေဆိုစေခဲ့သည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ကျောင်းသား ၁၂ ဦးနှင့် ၂၅ နှစ်အရွယ်ဘောလုံးနည်းပြတို့က ဂူတွင်း၌ ၁၀ ရက်နီးပါးပိတ်မိခဲ့စဉ် ဆာလောင်မွတ်သိပ် မှုနှင့် ကျောက်စက်ရေများကိုသာသောက်သုံး၍ ရှင်သန်အောင် ကြိုးပမ်းခဲ့ရပုံများ ပြန်ပြောင်း ပြောခဲ့ကြသည်။ ၎င်းတို့ကို ကယ်ဆယ်ရေး သမားများအနက် ဂူတွင်းကျွမ်းကျင်သူဗြိတိသျှ နှစ်ဦးက ဇူလိုင် ၂ ရက်၌ ပြန်လည်တွေ့ရှိခဲ့ သည့်တိုင် ဂူတွင်းရေလွှမ်းမိုးမှုနှင့် အခက်အခဲ အမျိုးမျိုးကြောင့် ဇူလိုင် ၈ ၊ ၉၊ ၁၀ ရက်များ တွင်ကယ်ထုတ်နိုင်ခဲ့သည်။
သေဆုံးခဲ့
ကယ်ဆယ်ရေးတွင် ထိုင်းနေဗီဆီးလ်တပ် ဖွဲ့ဝင်ဟောင်းတစ်ဦး သေဆုံးခဲ့ရသည်။ ကယ် ဆယ်ခံ ၁၃ ဦးတို့ကို ဆေးရုံတင်စောင့်ရှောက် ခဲ့ပြီး ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်မှ ဆေးရုံ မှဆင်းကာ အိမ်ပြန်ခွင့်ရခြင်းဖြစ်သည်။
တောင်းပန်
အခြားဆက်စပ်စိတ်ဝင်စားဖွယ်အဖြစ် ဂူတွင်းကယ်ဆယ်ရေးတွင်ပါဝင်သည့် ထိုင်း အခြေစိုက် ဗြိတိန်ရေငုပ်သမားနှင့် ဂူတွင်းကျွမ်း ကျင်သူ ဗန်းအတ်စ်ဝပ်သ်အား ကလေးသူငယ် များအား မတော်တရော်စိတ်ဝင်စားသူအဖြစ် ရည်ညွှန်းပုတ်ခတ်ရေးသားခဲ့သည့် အမေရိကန် နည်းပညာလုပ်ငန်းရှင်သြွူကယ် အဲလွန်မတ်ခ်စ် သည် ၎င်း၏အပြုအမူအတွက် တရားဝင် ပြန်လည်တောင်းပန်ခဲ့သည်။
ပြန်လည်ပယ်ဖျက်
တဲစ်လာလျှပ်စစ်ကားနှင့် စပေ့စ်အိပ်က်စ် ဒုံးပျံကုမ္ပဏီများ၏ စီအီးအိုဖြစ်သူ မတ်ခ်စ် သည် ၎င်းပေးပို့ခဲ့သည့် ရေငုပ်သင်္ဘောငယ်ကို အသုံးမပြုခဲ့မှု၊ စတန့်ထွင်မှုတစ်ရပ်အဖြစ် ဝေ ဖန်ပြောဆိုခဲ့မှုဖြင့် ဗန်းအတ်စ်ဝပ်သ်အား တွစ် တာပေါ်တွင် တုံ့ပြန်သည့်အနေဖြင့် ပုတ်ခတ် ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဝေဖန် မှုများမြင့်တက်လာ၍ ရေးသားချက်ကို ပြန်လည် ပယ်ဖျက်ပေးခဲ့သည်။
အခြေအမြစ်မဲ့
ဖော်လိုဝါ ၂၂ သန်းကျော်ရှိသော အကောင့် တွင် ယင်းသို့အခြေအမြစ်မဲ့ပုတ်ခတ်ရေးသား မှုအတွက် ၎င်း၏ စီးပွားရေးလုပ်ငန်းများမှ ရှယ်ယာများအရောင်းအဝယ်အပေါ် မေးခွန်း ထုတ်မှု၊ ဆန့်ကျင်မှုအချို့ရှိလာပြီးနောက်တစ် ရက်၌ မတ်ခ်စ်က ဗန်းအတ်စ်ဝပ်သ်အား တောင်းပန်ကြောင်း ပြန်လည်ရေးသားခဲ့ခြင်း ဖြစ်သည်။

















