ကွမ်းစားမည်ဟုဆိုကာ နေအိမ်ပေါ်သို့တက်ရောက်သားမယား ပြုကျင့်

ကွမ်းစားမည်ဟုဆိုကာ နေအိမ်ပေါ်သို့တက်ရောက်သားမယား ပြုကျင့်

ဘိုကလေးမြို့နယ်တွင် ကွမ်းစားမည်ဟုဆိုကာ နေအိမ်ပေါ်သို့တက်ရောက်လာပြီး သားမယား ပြုကျင့်ခဲ့ သည်ဆိုသူကို သက်ဆိုင်ရာက ဇူလိုင် ၁၈ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲ အချိန်ခန့်တွင် ဘိုကလေးမြို့နယ်မဂူချောင်းတွင်း ကျေးရွာ/အုပ်စုနေ တိုင်ကြားသူ အသက် ၁၈ နှစ်အရွှယ် အမျိုးသမီးနေအိမ်တွင်တစ်ဦးတည်းရှိနေစဉ် တစ်ရွာတည်းနေ အောင်သူရ(၂၄နှစ်) ရောက်လာပြီး ကွမ်းစားလိုကြောင်းပြောဆိုသဖြင့် နေအိမ်ပေါ်သို့တက် လာခဲ့ သည်။ ထို့နောက် နေအိမ်နောက်ဖေး မီးဖိုချောင်းသို့ ဝင်ရောက်ကာ ဟင်းအိုးများဖွင့်ကြည့်ကာ အိမ် ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့ပြီး နေအိမ်ရှေ့ခန်းတွင် တွန်းလှဲကာ သားမယာအဖြစ် ၂ ကြိမ်ပြု ကျင့်ခဲ့ သည်ဟု ဆိုသည်။

ထို့နောက် အောင်သူရက "ပြန်ပြောလျှင် သတ်ပစ်မည်" မည်ဟု ခြိမ်းခြောက်ပြောဆိုကာ နေအိမ် ပေါ်မှဆင်းသွားသဖြင့် အလိုမတူဘဲအဓမ္မပြုကျင့်သူ ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ဘိုကလေး မြို့မရဲစခန်း မှ (ပ)၃၁၃/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရအမှုဖွင့် အရေးယူထားသည်။