အမြန်လမ်းပေါ်တွင် ကင်ဒါယာဉ်တိမ်းမှောက်ခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

အမြန်လမ်းပေါ်တွင် ကင်ဒါယာဉ်တိမ်းမှောက်ခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

နွားထိုးကြီးမြို့နယ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကင်ဒါယာဉ်တိမ်းမှောက်ခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင် တိုင်အမှတ်(၃၀၉/၇)နှင့် (၃၁၀/ဝ)ကြားတွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပြင် စည် အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ နေပြည်တော်ဘက်မှမန္တလေးဘက်သို့ စလင်းကြီးမြို့နယ်၊ မြင်းခြံပွားကျေးရွာနေ ရဲလင်း (၂၂)နှစ်မောင်းနှင်လာသော ကင်ဒါ အဖြူရောင်မော်တော်ယာဉ် သည် ယာဘက်ရှေ့ ဘီး ပေါက် ၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ် တွင် လိုက်ပါလာသော စလင်းကြီးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဦးသောင်းအေး ပါ(၆)ဦးတို့တွင် ဒဏ်ရာ များအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲလင်းကို ပြင်စည်အမြန် လမ်းမ ကြီးရဲစခန်း ယာဉ်(ပ)၁၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရအမှုဖွင့် အရေးယူထားသည်။