ဂျပန်သုံးစွဲသူများက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကျေနပ်မှုရရှိစေရန် အမေရိကန် ကားအတော်များများယူလိမ့်မည်ဆိုသည့် အလားအလာ နည်းပါးနေစဉ်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ၏ စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံကုန်သွယ်မှုတွင် အမေရိကန်သမ္မတအတွက် အလားအလာကောင်းသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပုံဖော်ခဲ့သည်။
အမေရိကန် ပြည်ပ စစ်လက်နက်ရောင်းဝယ်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ၏ လက်နက်ဝယ်ယူမှုသည် ယခုနှစ်တွင် ဂျပန် ကာကွယ်ရေးတပ်ဖွဲ့များအတွက် စစ်မှုထမ်းများအတွက် မဟုတ်သောကုန်ကျစရိတ် အားလုံး၏ ၁၆ ရာခိုင်နှုန်းရှိကာ ၂၀၁၄ ခုနှစ်ကထက် နှစ်ဆကျော်များလာသည်ဟု အစိုးရ အချက်အလက်များပေါ် မူတည်ကာ ဘလွမ်းဘာ့ဂ်သတင်းဌာန၏ တွက်ချက်မှုက ဆိုသည်။
အမေရိကန် အဆင့်မြင့်ရေဒါများ၊ ရေဒါနှင့် ဖမ်းယူမရသော ဂျက်တိုက်လေယာဥများနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို လာမည့် နှစ်များအတွင်း ဂျပန်က ဝယ်ယူရန် စီစဉ်ထားရာ အမေရိကန် လက်နက်ထုတ်လုပ်သူများအတွက် ဒေါ်လာဘီလျံနှင့် ချီ၍ ဝင်ငွေရမည်ဖြစ်သည်။ ဈေးကွက်ယှဉ်ပြိုင်ရန် ကြိုးပမ်းရုန်းကန်နေရသော ဂျပန်ကုမ္ပဏီများမှာ ပြည်တွင်းဖြစ် နည်းပညာနှင့်ထုတ်လုပ်ခြင်းက ပိုမို ဈေးကြီးသည့်ပြင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရက ငွေကြေးအမြောက်အမြားရရှိစေရန် လိုလားသဖြင့် ၎င်းတို့အကျိုးစီးပွားရရှိခံစားကြရမည် မဟုတ်ပေ။
ပြီးခဲ့သည့် နိုဝင်ဘာလက ဂျပန်နိုင်ငံသို့ အမေရိကန်သမ္မတထရမ့် အလည်အပတ်ရောက်ရှိစဉ်အတွင်း ထရမ့်က အမေရိကန်ထံမှ စစ်လက်နက်အမြောက်အမြားဝယ်ယူရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တိုက်တွန်းခဲ့သည်။ ဂျပန်သည် နှစ်နိုင်ငံကုန်သွယ်ရေး ပဋိပက္ခကို ဖြေလျှော့ပေးမည့် မက်လုံးများမပါဘဲ စိတ်ပါလက်ပါ ဝယ်ယူသုံးစွဲသူဖြစ်ကာ အာဘေးက နျူကလီးယားလက်နက်တပ်ဆင်ထားသည့် မြောက်ကိုရီးယားနှင့် အများဂရုပြုလေးစားအောင် ပိုမိုလုပ်ပြသည့် တရုတ်ကို တန်ပြန်ရန် ယခုဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၅ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၄၇ ဘီလျံ) သုံးစွဲရန် တိုက်တွန်းထားသည်။ ၂၀ဝ၇ ခုနှစ်က ဂျပန်သည် အမေရိကန်ထံမှ ခရီးသည်တင် ယာဉ်အသစ်များ ဒေါ်လာ ၅၃၃ သန်းဖိုး ဝယ်ယူခဲ့သော်လည်း အမေရိကန်က ဂျပန်ထံမှ မော်တော်ကားများနှင့် ထရပ်ကားများ ဒေါ်လာ ၃၉ ဒသမ ၈ ဘီလျံဖိုးသာ ဝယ်ယူခဲ့သည်။
အမေရိကန်စစ်လက်နက်များကို ဦးစားပေး-ဝယ်ယူသည့်အတွက် နှစ်နိုင်ငံ စစ်တပ်များ အတူတကွဆောင်ရွက်မှုကို ပိုမိုချောမွေ့ရန် အထောက်အကူဖြစ်စေသော်လည်း အမေရိကန် စစ်လက်နက်များကို အစုံအလင် ဝယ်ယူခြင်းသည် ပြည်တွင်းရှိ စစ်လက်နက် အစိတ်အပိုင်းထုတ်လုပ်သူများအတွက် အလုပ်အကိုင်များ မရရှိကာ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းမှ ထွက်ခွာသွားရလိမ့်မည်ဟု မစ်ဆူဘီရှီ အကြီးစားစက်မှုလီမိတက် အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ နာအိုဟီကိုအာဘေးက ပြောသည်။
အမေရိကန် အဆင့်မြင့်ရေဒါများ၊ ရေဒါနှင့် ဖမ်းယူမရသော ဂျက်တိုက်လေယာဥများနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ...
မစ်ဆူဘီရှီသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးကာကွယ်ရေးစစ်လက်နက်ကန်ထရိုက်တာဖြစ်ကာ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သင်္ဘောများ၊ ဒုံးကျည်များနှင့် အခြားစစ်လက်နက်များ ထုတ်လုပ်သည်။ ပြည်တွင်းတွင် စစ်သင်္ဘောထုတ်လုပ်မှုအတွက် အခက်အခဲ အနည်းငယ်သာရှိသော်လည်း လေယာဉ်ပျံများအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ပြဿနာဖြစ်သည်။
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ သက်တမ်းရှိ လေယာဉ်ပျံများကို အစားထိုးရန် အက်ဖ် - ၃၅ အေ တိုက်လေယာဉ်များကို ယခုလောလောဆယ် ဝယ်ယူနေသည်။ ပြည်တွင်း ထုတ်လုပ်သူများအတွက် နောက်လာမည့် ပြဿနာမှာ ပြည်တွင်းတွင် နောက်ဆုံးထုတ်လုပ်ခဲ့သော အက်ဖ် - ၂ တိုက်လေယာဉ်များကို အစားထိုးရန် မည်သူက ဆောင်ရွက်ပေးမည်ဆိုသည့် ပြဿနာဖြစ်သည်။
အက်ဖ် - ၂ တိုက်လေယာဉ်များသည် ၂၀၃၀ ပြည့်နှစ်မှစ၍ ထုတ်လုပ်မှု ရပ်နားတော့မည်ဖြစ်သဖြင့် မစ်ဆူဘီရှီ အကြီးစားကုမ္ပဏီနှင့် အိုင်အိတ်ချ်အိုင် ကော်ပိုရေးရှင်း အပါအဝင် ကုမ္ပဏီများက အစားထိုးမည့် တိုက်လေယာဉ်များကို ပြည်တွင်းတွင်လည်း ထုတ်လုပ်နိုင်ကြောင်းပြသရန် အဆင့်မြင့်နည်းပညာ ဂျက်လေယာဉ် အိတ်စ် -၂ ကို ထုတ်လုပ်မည်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြား ကုမ္ပဏီများနှင့် လေယာဉ် ဖက်စပ်ထုတ်လုပ်ရန် ကြည့်နေသည်ဆိုသည့် မီဒီယာသတင်းဖော်ပြချက်များကို ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒဲရက ငြင်းဆိုလိုက်သည်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) အမတ်အချို့က ပြည်တွင်းကုမ္ပဏီများကိုအားပေးရန် ကာကွယ်ရေးအသုံးစရိတ်ကို သုံးစေချင်ကြသည်။ အယ်လ်ဒီပီ၏ အမျိုးသားကာကွယ်ရေး ဌာနခွဲဒါရိုက်တာဖြစ်သူ ကန်ဂျီဝါကာမီယက ပြည်တွင်းကုမ္ပဏီများကို အားပေးရန်အရေးကြီးကြောင်းနှင့် နိုင်ငံခြားက ပြိုင်ဘက်ကုမ္ပဏီများကို ယှဉ်နိုင်အောင် ကူညီရမည်ဟု မေလက ပြောကြားခဲ့သည်။
ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုန်ကျစရိတ်များလျှော့ချရန် ဂျပန်က ၎င်း၏ စစ်လက်နက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုကို တိုးမြှင့်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက် လာခြင်းကို ဝါကာမီယက ဖြစ်စေချင်သော်လည်း ယခုအချိန်ထိမူ အောင်မြင်မှုနည်းပါးနေသေးသည်။


















