ရပ်ထားသည့်တွဲကားကို ၁၂ ဘီးယာဉ်ဝင်တိုက် ယာဉ်မောင်းသေဆုံး
ဇူလိုင် ၁၉ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ကူမဲမြို့ အဝင်ရွှေတောင်ရွာအနီး ရပ်ထားသောတွဲကားကို နွားတင်လာသည့် ၁၂ဘီးယာဉ်မှ နောက်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ်မောင်း ပျော်ဘွယ်မြို့နေ ကိုဇော်ဇော် မှာနေရာတွေင်သေဆုံးခဲ့ပြီး အဆိုပါယာဉ်ပေါ်တွင်တင်ဆောင်လာသည့် နွားများထဲမှ နွား ၂ ကောင်သေဆုံးခဲ့ကြောင်း ကနဦးသိရပြီး လူသေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း ကနဦးသိရသည်။

















