ရခိုင်ပြည်နယ်မှ တောလမ်းခရီးအတိုင်း ၂၂ ရက်ကြာ လာရောက်ခဲ့သည့် အထောက်အထားမဲ့ခိုးဝင်လာသူ ၃ ဦးဖမ်းမိ

ရခိုင်ပြည်နယ်မှ တောလမ်းခရီးအတိုင်း ၂၂ ရက်ကြာ လာရောက်ခဲ့သည့် အထောက်အထားမဲ့ခိုးဝင်လာသူ ၃ ဦးဖမ်းမိ

ရန်ကုန်မြို့သို့ အလုပ်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်မှ တောလမ်းခရီးအတိုင်း ၂၂ ရက်ကြာ လာရောက် ခဲ့သည့် အထောက်အထားမဲ့ ခိုးဝင်လာသူ ၃ ဦးကို ရေနံမနယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းလှမြို ့နယ်ရေနံမနယ်မြေရဲစခန်းပိုင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဇူလိုင်၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့် တွင် ရခိုင်ပြည်နယ်မှ အထားမဲ့ဝင်ရောက်လာသူ ၁၂ ဦးဖမ်း ဆီး ရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သူ ၁၂ ဦးကို စစ်ဆေးချက်များအရ ၄င်းတို့နှင့်အတူ ၃ဦးပါဝင်ကျန်ရှိကြောင်း သိရသဖြင့် ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ်တင် အောင်ဆန်းဦးစီး ရဲတပ်ဖွဲ့ ဝင်များက ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် (၂၃၆/၃)အနီး အနောက် ဘက်(၂)မိုင်ခန့်အကွာတောထဲသို့တောနင်းရှာဖွေခဲ့ကြရာအထောက်အထားမဲ့ဝင်ရောက်လာမြောက်ဦးမြို့နယ်နေ ဘမောင်ချေ(ခ)မောင်မောင်ချေ (၁၉)နှစ်၊ မာမွတ်တာကဲ(၂၀)နှစ် နှင့် ဆူတန်မွတ်(၂၀)နှစ် တို့ ၃ ဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်။

့၄င်းတို့ကို စစ်ဆေးချက်များအရ ရန်ကုန်မြို့သို့ အလုပ်လုပ်ရန်အတွက် တောလမ်းခရီး အတိုင်း(၂၂)ရက် ကြာခြေလျင်လာခဲ့ကြောင်း ပြောပြသိရသဖြင့်ထပ်မံဖမ်းဆီးရမိသူ၄င်းတို့(၃)ဦးကို၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးဥပဒေပုဒ်မ(၆)၂/(၆)၃အရ အမှုဖွင့်အရေးယူထားသည်။