နယူးယော့ခ် ” တွစ်တာက အကောင့် အနည်းဆုံး ၅၈ သန်းကို ၂၀၁၇ ခုနှစ် နောက်ဆုံးသုံးလတွင် ရပ်ဆိုင်းခဲ့သည်ဟု အေပီကရရှိသည့် အချက်အလက်များအရ သိရသည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားက
မမှန်သတင်းဖြင့် ကြိုးပမ်းပြီးနောက် သံသယရှိသည့် အကောင့်တ်များအပေါ် တွစ်တာကုမ္ပဏီ၏ ရန်လိုသည့် အနေအထားကို အဆိုပါကိန်းဂဏန်းက အထင်အရှားဖော်ပြထားသည်။
မေလနှင့် ဇွန်လတွင် တွစ်တာက အကောင့် သန်း ၇၀ ကို ရပ်ဆိုင်းပစ်ခဲ့သည်ဆိုသည့် ဝါရှင်တန်ပို့စ်၏သတင်းဖော်ပြချက်ကို တွစ်တာက ပြီးခဲ့သည့်ရက်သတ္တပတ်က အတည်ပြုခဲ့သည်။ အဆိုပါ ရပ်ဆိုင်းမှုကြောင့် တွစ်တာသုံးစွဲသူ များပြားလာမှုကို နှိမ်နင်းနိုင်ခြင်းရှိမရှိဆိုသည့် မေးခွန်းနှင့် တွစ်တာကုမ္ပဏီသည် ရင်းနှီးမြုပ်နှံသူများကို ကြိုတင် သတိပေးသင့် မပေးသင့်ဆိုသည့် မေးခွန်းများထွက်ပေါ်လာသည်။ တွစ်တာသည် အင်စတာဂရမ်နှင့် ဖေ့စ်ဘွတ်ခ်ကဲ့သို့ ပြိုင်ဘက်များနှင့်ယှဉ်ကာ သုံးစွဲသူများပြားခြင်းနှင့် ရုန်းကန်လှုပ်ရှားနေရသည်။ အကောင့် ရပ်ဆိုင်းခြင်းများသည် ပြီးခဲ့သည့် နောက်ဆုံးသုံးလက တစ်ဟုန်ထိုး တက်လာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် တွစ်တာက အကောင့် ၁၅ သန်းရပ်ဆိုင်းခဲ့သည်။ ထိုကိန်းဂဏန်းမှတစ်ဆင့် သုံးပုံနှစ်ပုံခုန်တက်ကာ ဒီဇင်ဘာတွင် ၂၅ သန်းကျော် ရပ်ဆိုင်းခဲ့သည်။
တွစ်တာက ရပ်ဆိုင်းလိုက်သည့် ကိန်းဂဏန်းအချက်အလက်များနှင့်ပတ်သက်၍ ဝေဖန်ချက်မပေးပေ။ သို့သော် ကုမ္ပဏီအကြီးအကဲများက ထိုသို့ အကောင့် ရှင်းလင်းပေးရန် ကြိုးပမ်းမှုသည် ကုမ္ပဏီ၏ ဦးစားပေးတစ်ရပ်ဖြစ်သည်ဟု ပြောကြားက ထိုသို့ပြုလုပ်ခြင်းသည် သုံးစွဲသူအရေအတွက်ကို ထိခိုက်နိုင်ကြောင်း ဝန်ခံပြောကြားသည်။ လွန်ခဲ့သည့် ရက် ၃၀ အတွင်း အကောင့်ကို အနည်းဆုံးတစ်ကြိမ် ဝင်ရောက်ကြည့်ရှုကာ အသုံးပြုလျက်ရှိနေသည့် အကောင့်များမှာ ဧပြီလတွင် ၃၃၆ သန်းရှိသည်ဟု တွစ်တာက ပြောကြားသည်။

















