လှိုင်သာယာမြို့နယ်တွင် လင်မယားစကားများရန်ဖြစ်စဉ် ဇနီးက ဓါးဖြင့်ထိုးသဖြင့် ခင်ပွန်း သေ ဆုံးခဲ့မှု ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှသိရသည်။
ဇူလိုင် ၁၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါးထိုးခံရပြီးသေဆုံးရောက်နေကြောင်းသတင်းအရ စခန်းမှူးဒုရဲမှူးဝဏ္ဏရှိန် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် တပင်ရွှေထီးလမ်းနေ ငြိမ်းဇော်ဦး(၃၇)နှစ်ဖြစ်ပြီး ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စုံစမ်း စစ်ဆေးခဲ့ရာ ညနေ ၆ နာရီအချိန်ခန့်တွင် ဇနီးဖြစ်သူ မသိန်းသိန်းဝင်း(၃၇)နှစ်နှင့် အရက်မူးပြီး ပြန်လာစဉ် အိမ်တိုင်ကိုသစ်သားတုတ်ဖြင့်ရိုက်ခဲ့ရာ တိုင်မှသစ်သားတုတ် ပြန်ကန်ပြီး သမီးဖြစ်သူ၏ ထိမှန်သဖြင့် လင်မယားချင်းစကားများရန်ဖြစ်ခဲ့သည်။
ထိုသို့ စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူ မသိန်းသိန်းဝင်းမှာ စိတ်တိုပြီး မီးဖိုချောင် ဓါးဦးချွန်ဖြင့်ထိုးခဲ့ သောကြောင့် ငြိမ်းဇော်ဦး၏ ဝဲဘက်ရင်အုံထိုးမိပြီး လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံး သွားကြောင်းသိရသဖြင့်အရေးယူပေးပါရန် ဒုရဲအုပ်ကျော်တင့် မှ တိုင်ကြားခဲ့သည်။ လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၂၇၁၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

















