အရက်အတူသောက်ရာက စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးသဖြင့်သေဆုံး

အရက်အတူသောက်ရာက စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးသဖြင့်သေဆုံး

လှိုင်သာယာမြို့နယ်တွင် အရက်အတူသောက်ရာက စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးသဖြင့် သေဆုံးခဲ့သည်ဆိုမှု ဇူလိုင် ၁၉ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် အမှတ်(၅) ရပ်ကွက် ၌နေ ဒေါ်ကြည်ဝင်းသည် ဗိုလ်ချုပ်ဈေးမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် အမှတ်(၅) ရပ်ကွက် သီရိဇေယျာလမ်း နှင့် မြရိပ်ညိုလမ်းထောင့်ရှိ မြေကွက်လပ်ထဲတွင် ခင်ပွန်းဖြစ်သူ ဦးမြဝင်း (၆၅)နှစ်မှာ ဓါးထိုးခံရပြီးလဲကျနေကြောင်းသိရသဖြင့်သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာ ခင်ပွန်းမှာ ဝဲရင်အုံပြတ်ရှထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဘက်နံစောင်းထိုး သွင်းဒဏ်ရာ (၁)ချက် ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် လည်ပင်းပြတ်ရှ ဒဏ်ရာများရရှိ ထားပြီး မြက ခင်း ပေါ်တွင် မှောက်လျှက်လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ ခင်ပွန်းဖြစ်သူ အလုပ်လုပ်ကိုင်သည့် မြရိပ်ညိုလမ်းရှိ စက်ဘီးပြင်ဆိုင်၌ရှိနေစဉ် နေအိမ်ဘေးခြင်းကပ်အဆောင်တွင်နေထိုင်သူအောင်မိုးဦး(၃၃)နှစ်ရောက်ရှိလာပြီးအရက်အတူသောက်ရာမှစကားများရန်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသဖြင့် အရေးယူပေး ရန်တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၂၇၁၀/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် စုံစမ်းလျက်ရှိသည်။