မူလတန်းကျောင်းဆရာတစ်ဦး ဆွဲကြိုးချသေဆုံး
ပုသိမ်မြို့တွင် မူလတန်းကျောင်းဆရာတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၁၉ ရက်နေ့က ပုသိမ်နယ်မြေရဲစခန်းမှသိရသည်။
ဇူလိုင်လ ၁၈ ရက် နေ့လည် ၂ နာရီအချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၇) ရပ်ကွက်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ သက်ဆိ်ုရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ကန်ကြီးထောင့် ဒယ်ကန်ကျေးရွာမူလတန်းကျောင်းတွင် မူလတန်းပြကျောင်းဆရာ ဘိုဘိုအောင် (၂၇ နှစ်)ဖြစ်ပြီး နေအိမ်ထုပ်တန်းတွင် နိုင်လွန် ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၁၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















