ဆီတင်ယာဉ်ငယ် တွဲကားတိုက်မိခဲ့ပြီး ယာဉ်မောင်းဒဏ်ရာရ

ဆီတင်ယာဉ်ငယ် တွဲကားတိုက်မိခဲ့ပြီး ယာဉ်မောင်းဒဏ်ရာရ

ဇူလိုင် ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ထုံးဘို-မြစ်ငယ်လမ်း တောတွင် စိတ်ကျန်းမာရေးဆေးရုံအနီးတွင် ဆီတင်ယာဉ်ငယ်တစ်စီးမှ တွဲယာဉ်တစ်စီးကိုအနောက်မှ ဝင်တိုက်မိခဲ့သည်။

'' ကားမောင်းတဲ့သူက စတီယာတိုင်နဲ့ ညှပ်နေတာတာကြောင့် မန္တလေးတိုင်း လူမှုကယ် ဆယ်ရေးအဖွဲ့ကို ဆွဲထုတ်ဖို့ အကူညီတောင်းရတယ်။ သူတို့က ဟိုက်ဒရောလစ်စနစ်သုံး ကရိယာနဲ့ ဒဏ်ရာရထားတဲ့ ယာဉ်မောင်းကို ဆွဲထုတ်ပေးခဲ့တယ်။ ဝမ်းဗိုက်နဲ့ ခြေသလုံးတွေမှာ ဒဏ်ရာ တွေရရထားတဲ့ အတွက်ကြောင့် မန္တလေးဆေးရုံကို ကျွန်တော်တို့ အသင်းကနေပို့ပေးခဲ့ရတယ်" ဟု စေတနာမွန် လူမှုကူညီရေးအသင်း-အုန်းချော မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။