ဖြူးမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်သူထံမှ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဖြူးမြို့မရဲစခန်း မှဇူလိုင် ၂၀ ရက်နေ့ကသိရသည်။
ဇူလိုင် ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာ ဖြူး-အုတ်ဖြတ် ကားလမ်း တာကျိုးလမ်းဆုံတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးယစ်အထူးအဖွဲ့ငယ်မှ ရဲအုပ် တင်ဦး၊ အုတ်ဖြတ်ရဲကင်းစခန်းမှူး တို့ ဦးစီးသောအဖွဲ့မှ သက်သေများနှင့်အတူ စောင့်ဆိုင်းခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် ထန်းတပင်မြို့နယ် ရွာလေးကုန်းကျေးရွာနေ ချစ်စိုး ၄ဝ နှစ် မောင်းနှင် လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။ဆိုင်ကယ်တူးဘောက်အတွင်း ဆေးခြောက်ဟုယူ ဆရသော အညိုရောင်အရွက်ခြောက် (၆၅)ကျပ်သား ကာလတန်ဖိုးငွေ ၃၂၂ဝဝဝ ကို ရှာဖွေတွေ့ ရှိသိမ်းဆည်းရမိသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဖြူးမြို့မရဲစခန်း မယ(ပ)၃/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုအရေးယူထားသည်။

















