လူသတ်မှုနှစ်မှုဖြင့် ထောင်တစ်သက်ကျနေရသူ အမေရိကန်ဆီးနိတ်အမတ် ဝင်အရွေးခံမည်ဟုဆို

လူသတ်မှုနှစ်မှုဖြင့် ထောင်တစ်သက်ကျနေရသူ အမေရိကန်ဆီးနိတ်အမတ် ဝင်အရွေးခံမည်ဟုဆို

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်တွင် လူသတ်မှုနှစ်မှုဖြင့် ထောင်တစ် သက်တစ်ကျွန်းကျနေသူ အကျဉ်းသားတစ်ဦး သည် အမေရိကန်အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရ သည်။

အသက် (၇၅) နှစ်အရွယ် အကျဉ်းသား လီယိုနတ်ရစ်ချတ်ဆိုသူဖြစ်ကာ   ၎င်းသည် ယခင်ကလည်း ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ဖူးပြီး မဲ ၁၄၅၀ဝ ကျော်  ရရှိခဲ့ဖူးသည်ဟု ဆိုသည်။ ရစ်ချတ်သည် ၁၉၈၂ ခုနှစ်၌ ၎င်း၏ ဖအေတူ မအေကွဲညီမ မေဝီလ်ဆန်ကို သတ်ဖြတ်မှု၊ ၁၉၈၇ ခုနှစ်တွင် ၎င်း၏ရှေ့နေ ရောဘတ် စတြာတန်ကို ပစ်သတ်ခဲ့မှုတို့ဖြင့် ထောင်တစ် သက်တစ်ကျွန်း ချမှတ်ခံထားရသူဖြစ်သည်။

မင်နီဆိုးတားပြည်နယ်ရှိ စတေးလ်ဝါးတား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် ရစ်ချတ်အတွက် ပြည်နယ်၏ တည်ဆဲဥပဒေအရ ပြည်နယ်အတွက် ကိုယ်စားပြုဝင်ရောက်အရွေး ခံခွင့် ပိတ်ပင်ထားသော်လည်း ပြည်ထောင်စု အတွက်မူ  တားမြစ်ချက်မရှိဟုဆိုသည်။ လူသတ်သမားအတွက်  မဲတစ်မဲရရှိလျှင်ပင် များလွန်းပြီဖြစ်ကြောင်း ပြောဆိုသည်။

သတိပြုမိ

မင်နီဆိုးတားပြည်နယ်အတွင်းရေးမှူးရုံး မှ တရားရေးအကြံပေး   ဘတ်ဘလက်က ရွေးကောက်ပွဲဝင်ရန် အကျဉ်းသားတစ်ဦး ကျမ်းကျိန်လျှောက်လွှာတင်ခြင်းကို မရပ်တန့် နိုင်ကြောင်း၊ ရွေးကောက်ခံလိုသူတစ်ဦးသည် အသက်သတ်မှတ်ချက်နှင့် ပြည်နယ်အတွင်း ရွေးကောက်ပွဲရက်၌ နေထိုင်ကြောင်း ဘောင် ဝင်လျှင် အရည်အချင်း ပြည့်မီကြောင်း၊ ဥပဒေ တွင် ဟာပေါက်ရှိနေသည်ကို သတိပြုမိကြောင်း ထုတ်ပြန်ခဲ့သည်။