ကျောက်တံခါးမြို့နယ်တွင် မိုးကြိုးပစ်ခံရသဖြင့် ကောက်စိုက်သူတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့မှု ဇူလိုင် ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါနေ့ နံနက်၈နာရီခွဲအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် ကျောင်းစိုးကျေးရွာအုပ်စု ဂွေးကုန်း ကျေးရွာအနီးလယ်ကွင်းပြင်တွင် ဂွေးကုန်းကျေးရွာနေ မတင်တင်ဌေး (၃၃) နှစ်၊ မပပလှိုင် (၂၅)နှစ် နှင့် မငယ်ထွေး(၂၆)နှစ်တို့သည် ကောက်စိုက်နေစဉ် ရုတ်တရက်မိုးကြိုးပစ်ချသဖြင့် မတင်တင်ဌေး၏ ခန္ဓာကိုယ်တွင်ကျောကုန်းအရေပြားလန်ညိုမဲဒဏ်ရာများရရှိကာ(အခင်းဖြစ်နေရာတွင်သေဆုံး)ခဲ့ ပြီး ကျန် နှစ်ဦး မှာ ဖြူးဆေးရုံသို့ စိုးရိမ်ရသည့် အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရသည်။ ပဲနွယ်ကုန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၁၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















