ချမ်းအေးသာစံမြို့နယ်တွင် ရဲတပ်သားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှု ယနေ့ ဇူလိုင် ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။
အဆိုပါနေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊အမှတ်(၆)နယ်မြေရဲစခန်းဝင်း အတွင်း ရဲတပ်သားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ ရဲတပ်သား မှာ ကင်းချိန်ပြီးဆုံးပြီးနောက် ရဲစခန်းအတွင်းရှိ ဗဟိုကင်းအနောက်ဘက်ရှိ အမြင့်(၁၅)ပေခန့်ရှိ သရက်ပင်ကိုင်းပေါ်တွင် ၎င်းဝတ်ဆင်သည့်ပုဆိုးကို အသုံးပြုကာ ဆွဲကြိုးချ သေဆုံးခဲ့သည်ကို ရဲတပ်ကြပ်ထန်ဟေမာန်မှ တွေ့ရှိခဲ့သဖြင့် အဆင့်အဆင့် သတင်း ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းကို သုခနာရေး ကူညီမှုအသင်းမှ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး အမှတ် (၅)မြို့မရဲစခန်း သေမှုသေခင်းအမှတ် (၁၄/၁၈)ဖြင့် အမှုဖွင့် အရေးယူထားသည်။

















