ရေတွင်းထဲသို့ ဘောလုံးပြုတ်ကျသဖြင့် ဆယ်ယူစဉ် အောက်ဆီဂျင် ပြတ်သေ ဆုံး

ရေတွင်းထဲသို့ ဘောလုံးပြုတ်ကျသဖြင့် ဆယ်ယူစဉ် အောက်ဆီဂျင် ပြတ်သေ ဆုံး

ဆားလင်းကြီးမြို့နယ်တွင် ရေတွင်းထဲသို့ ဘောလုံးပြုတ်ကျသဖြင့်ဆယ်ယူစဉ် အောက် ဆီဂျင် ပြတ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၂ ရက်နေ့က ဆားလင်းကြီး နယ်မြေ ရဲစခန်း မှသိရသည်။ 

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ်ဖောင်းကတာကျေးရွာဘုန်းကြီးကျောင်းအနီးရေတွင်းထဲ၌အမျိုးသားတစ်ဦးသေဆုံးကြောင်းသတင်းအရ ညောင်ပင်ကြီးရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေး ခဲ့ သည်။
 သေဆုံးသူမှာ ဖောင်းကတာကျေးရွာနေ ဖိုးဇော်(၃၆)နှစ်ဖြစ်ပြီး အမြင့် (၅၀)ပေခန့်၊ ရေ အနက်(၈)ပေခန့်ရှိ ရေတွင်းထဲကျနေသည့် ဘောလုံးကို အရှည်(၆၅) ပေ ခန့်ရှိ ချည် ကြိုးဖြင့် ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်လပ်ကာ ရေထဲသို့ ပြုတ်ကျ၍ ရေနစ် သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၅/၁၈)ဖြင့်ရေးဖွင့်စစ်ဆေးလျက်ရှိသည်။