အကောက်ခွန်မဲ့သယ်ဆောင်လာသည့် ထိုင်းနိုင်ငံထုတ် ဘီယာများသိမ်းဆည်း

အကောက်ခွန်မဲ့သယ်ဆောင်လာသည့် ထိုင်းနိုင်ငံထုတ် ဘီယာများသိမ်းဆည်း

ဘားအံမြို့နယ်တွင်အကောက်ခွန်မဲ့သယ်ဆောင်လာသည့် ထိုင်းနိုင်ငံထုတ် ဘီယာများသိမ်းဆည်း ရမိခဲ့မှု ဇူလိုင် ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မော်လမြိုင်-ဘားအံကားလမ်း၊ အတ္ထရံတံတား (စက်မှုဇုန် ဘက်ခြမ်း)လုံခြုံရေးရဲကင်းအနီးတွင် ဘားအံဘက်မှ မော်လမြိုင်ဘက်သို့ သွားမည့် ပဲခူး တိုင်းဒေသကြီး ဇီးကုန်းမြို့နယ်နေ ယာဉ်မောင်း စိုးဝင်းထွဋ်(ခ)ကိုစိုး(ဘ)ဦးခင်ဝင်း၊ မောင်းနှင်သည့် ပရိုဘောက်စ်ယာဉ်ကို စက်မှုဇုန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းလွင်နှင့်အဖွဲ့က စစ် ဆေးခဲ့သည်။အဆိုပါ ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် အကောက်ခွန်မဲ့ LEO စာတမ်း တံဆိပ်ပါ (၁)ကတ်လျှင် (၂၄) လုံးပါဘီယာကတ်(၅၀)ကိုတွေ့ရှိသိမ်းဆည်းကာအရေးယူပေးရန်တိုင်ကြားခဲ့သည်။ စက်မှုဇုန်နယ်မြေရဲစခန်းက(ပ)၃၂/၁၈၊ ပို့ကုန်/သွင်းပုဒ်မ ၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။