လမ်းမတော်မြို့နယ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ လူငယ် ၃ ဦးထံမှ ဆေးေခြာက်ထုပ်များကို လှည့်ကင်း အဖွဲ့က ဇူလိုင် ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် လမ်းမတော်မြို့နယ် ဗဟိုစည်အိမ်ရာဝင်းအတွင်း မသင်္ကာဖွယ်တွေ့ရှိသူ ဆိပ်ကမ်းမြို့နယ်နေ အေးမင်းထွန်း (ခ)အောင်မြင့်မြတ်(ခ)သရဲလေး(၂၁ နှစ်)၊ လသာမြို့ နယ်နေ အောင်သူရ(၂၀ နှစ်)နှင့် လမ်းမတော်မြို့နယ်နေ လွင်မိုးခန့်(၂၀ နှစ်)တို့ကို လမ်းမတော်မြို့ မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မျိုးကိုကိုနှင့်အဖွဲ့က စစ်ဆေးခဲ့သည်။
၄င်းတို့ ၃ဦး၏ လက်အတွင်းမှ ပလက်စတစ်ဖြင့်ထုပ်ထားသည့် ဆေးခြောက်ဟုယူဆရသည့် အရွက် ခြောက် ၃ ထုပ် နှင့်လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ လမ်းမတော်မြို့မရဲစခန်းက မယ(ပ)၁၈/၁၈ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















